ပြန်ကြားရေး၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးက အသက် (၁၂) နှစ် အောက် ကလေးများဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၊ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၄၈)၊ အမှတ် (၅၂) ၌ ကျီးကလေးတစ်ကောင်သည် သူ့အရောင်အဆင်း မည်းမှောင်ခြင်း ကြောင့် အလှစစ်ရှာဖွေရာ နောက်ဆုံးတွင် တကယ့်အလှစစ်ကို ရှာဖွေတွေ့သွားပုံအကြောင်း ပုံဖော်ထားသည့် မျက်နှာဖုံးဇာတ်လမ်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ဆရာ့စကားကိုလိုက်နာပြီး ဒုက္ခရောက်နေသူကို လျစ်လျူမရှုဘဲ အကူအညီပေးခြင်းသည် ဆရာ့ကိုကန်တော့ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ဖော်ပြထားသည့် နှစ်မျက်နှာဇာတ်လမ်း၊ အမှိုက်များကို စည်းကမ်းမဲ့ မပစ်ဘဲ စည်းကမ်းတကျပစ်ရန် ရည်ရွယ်ရေးသားထားသည့် နှစ်မျက်နှာဇာတ်လမ်းနှင့် ကျောက်ပုတို့တူ၀ရီး၏ ဟာသဇာတ်လမ်းတို တို့ကိုလည်း ကလေးများကြိုက်နှစ်သက်မည်ဟု ယူဆပါသည်။
ကလေးများဗဟုသုတြွကယ်၀စေရန်အတွက် သွားနှင့်ခံတွင်းကျန်းမာရေးကို ရည်ရွယ်ပြီး နည်းစနစ်မှန်မှန် သွားတိုက်နည်းအကြောင်း ကို အသိပညာပေးထားသော သုတဆောင်းပါးကဏ္ဍ လည်း ပါ၀င်ပါသည်။ အန္တရာယ်ကျရောက်တော့မည့် အစ်မဖြစ်သူ ညိုညိုကို ညီမဖြစ်သူ ပိုပိုက ကယ်တင်လိုက်ပုံကို ကလေး၀တ္ထုကဏ္ဍတွင် စိတ်၀င်စားဖွယ် ဖတ်ရှုနိုင်မည်ဖြစ်ပါသည်။ 'ကာတွန်းပုံ အဆင့်ဆင့် ဆွဲကြမယ်' အစီအစဉ်နှင့် ပုံထဲတွင်ရောပြီး ပျောက်နေသော ပစ္စည်းလေးများ ရှာပုံတော် ကိုလည်း ပျော်ပျော်ရွှင်ရွှင် ပါ၀င်ဆင်နွှဲနိုင်မည် ဖြစ်ပါသည်။
ကလေးတို့အင်္ဂလိပ်စာ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ရွှေသွေးစကားဝိုင်းကဏ္ဍတွင် 'Failing' to agree' သဘောတူတယ်၊ သဘောမတူဘူးစသည့် ပြောဆိုပုံများနှင့် ပတ်သက်သည့် စကားအသုံးအနှုန်းများအကြောင်း သရုပ်ဖော်ပုံများနှင့်တကွ တင်ဆက်ထားပြီး ရွှေသွေးအင်္ဂလိပ် သဒ္ဒါကဏ္ဍတွင် "Little" ၏ အသုံးအနှုန်းနှင့် သဒ္ဒါစည်းမျဉ်းဆိုင်ရာ တည်ဆောက်ပုံအကြောင်း ဖော်ပြထားရာ ကလေးတို့အတွက် အင်္ဂလိပ်စာအခြေခံများ ကောင်းမွန်လာမည်ဖြစ်ပါသည်။
(၂၄-၁၂-၂၀၁၆) စနေနေ့တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်ကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော် (သပြေကုန်းဈေး) ရှိ စာပေဗိမာန်စာအုပ်အရောင်းဆိုင်တို့နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များ တွင် ၀ယ်ယူရရှိနိုင်ပါသည်။ မူရင်းဈေးနှုန်းမှာ ၂၅ဝိ/- ဖြစ်ပါသည်။