• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၃ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄) ထွက်ရှိ

၂၃ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၄) ထွက်ရှိ

တန်ဖိုး - ၃၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက်(၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန်ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက် ရှိရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက် (စနေနေ့) တွင်ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊အမှတ်(၄)၌ အတတ်ပညာတစ်ခုကို ထူးချွန်စွာတတ်မြောက်ပြီး ဉာဏ်ပညာနှင့် ပြည့်စုံပါက အလိုရှိသည့် အရာကို ရယူနိုင် ကြောင်းကို ပန်းပဲရွာ၌ပင် “အပ်” ကို ရောင်းချနိုင်ကြောင်း ကလေးတို့ သင်ခန်းစာယူနိုင်ရန် ဥပမာပေး ရေးဖွဲ့တင်ပြထားသည့် “သူစိ (အပ်)” မျက်နှာဖုံး ကာတွန်း၊ မိမိတို့ မထင်မှတ်ဘဲ ပြုလုပ်လိုက်သည့် အလုပ်တစ်ခုသည် လူတစ်ယောက်၏ အသက်ကိုပင် ကယ်တင်လိုက်နိုင်ကြောင်းကို တင်ဆက်ထားသည့် “ပုပု ပါဝင်သည့် ဆယ်မိနစ်” နှစ်မျက်နှာကာတွန်း၊ ကတိသစ္စာတည်သောအခါ အသက်ဘေးမှ လွတ်မြောက်ရပုံ အကြောင်းကို ရေးဖွဲ့ထားသည့် “သမင်မလေးရဲ့ ကတိသစ္စာ” နှစ်မျက်နှာကာတွန်း၊ ဆရာဖြစ်သူနှင့် တပည့် မောင်ကြယ်စင်၏ သင်္ချာဘာသာရပ် အမေးအဖြေတစ်ခုကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ဥယျာဉ်မှူးနှင့် သူ၏ ပန်းကလေးများ” တစ်မျက်နှာကာတွန်း၊ ကလေးတို့ ပစ္စည်းတစ်ခုဝယ်ရာတွင် အမှန်တကယ် လိုအပ်ပြီး အသုံးဝင်သည့် ပစ္စည်းသာ ဝယ်ယူရမည်ဖြစ်ကြောင်းကို သတိပြုဆင်ခြင်ဖွယ် ဖော်ပြထားသည့် “ဘေဘီ ဗွတ်ကလုံ” နှစ်မျက်နှာကာတွန်း၊ အစားများများ စားမိပါက ကျန်းမာရေးထိခိုက် နိုင်ကြောင်း သတိပေးသည့် မိခင်ဖြစ်သူအား လိမ္မာပါးနပ်စွာ ချေပပြောဆိုတတ်သော ပိုင်ပိုင့်အကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ပိုင်ပိုင်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားသည်။

သုတကဏ္ဍတွင် အသက်ရှူလမ်းကြောင်းကျန်းမာရေးအတွက် စားသုံးသင့်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ၎င်းတို့တွင် လူကိုအကျိုးပြုသည့်ဓာတ်များ ပါဝင်ကြောင်းကို ကလေးတို့ ဗဟုသုတ ရစေရန် တင်ဆက်ထားသည့် “အသက်ရှူလမ်းကြောင်း ကျန်းမာရေး” သုတဆောင်းပါး၊ ကလေးတို့ နေ့စဉ် ပြောဆိုဆက်ဆံ နေထိုင်ရာလူမှုဘဝတွင် အမုန်းစကားပြောခြင်း၊ သူတစ်ပါးအားထိခိုက်စေသည့် အပြုအမူ၊ အပြောအဆိုတို့ကို ရှောင်ရှားခြင်းဖြင့် ကောင်းမွန်သည့် လူမှုပတ်ဝန်းကျင်ကို ကလေးတို့ကိုယ်တိုင် ဖန်တီးနိုင်ကြောင်းကို ရေးသားတင်ဆက်ထားသည့် “ကောင်းမွန်သောလူမှုဆက်ဆံရေး ပတ်ဝန်းကျင်ကို ဖန်တီးစို့” သုတဆောင်းပါးတို့ ပါဝင်သည်။ ထို့ပြင် စကားပြောရာတွင် ယဉ်ယဉ်ကျေးကျေးပြောဆိုပါက လူချစ်လူခင်ပေါများပြီး မိမိအကျိုးစီးပွားလည်း အောင်မြင်နိုင်ပုံအကြောင်းကို ပညာပေးရေးသားတင်ဆက်ထားသည့် “ယဉ်ကျေးပျူငှာ ပြောဆိုပါမည်” ပုံပြင်ကဏ္ဍ၊ ကလေးတို့၏ မျက်စိလျင်မြန်မှုဖြင့် ဉာဏ်စွမ်းရည် ထက်မြက်စေရန် ဖော်ပြထားသည့် ဆရာမမြင့်စန္ဒာ၏ “မတူညီချက် ငါးချက်” ဉာဏ်စမ်းကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ရေးဆွဲထားသည့် “ရွှေသွေးတို့လက်ရာ’’ ကဏ္ဍ၊ မိမိတို့ ရရှိထားသည့် လွတ်လပ်ရေးကို တည်တံ့အောင် မောင်မယ်အားလုံး စည်းလုံးညီညွတ်စွာ ထိန်းသိမ်းကြရမည်ဖြစ်ကြောင်းကို ဂုဏ်ပြု တင်ဆက်ထားသည့် “လွတ်လပ်ရေးအမွေ” ကဗျာနှင့် ပြာသိုလပြည့်နေ့တွင် ကျရောက်မည့် အမေများနေ့ကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “မိဘဂုဏ်ကျေးဇူး” ကဗျာတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် နေ့စဉ်သုံး အင်္ဂလိပ်စကားပြောနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ရှင်းလင်းတင်ပြထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း-၀၁-၃၈၁၄၄၈၊            ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။    


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာမူများ
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman