• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၉ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂) ထွက်ရှိ

၉ - ၁ - ၂၀၂၁ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၃)၊ အမှတ် (၂) ထွက်ရှိ

တန်ဖိုး - ၃၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ် အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၃)၊ အမှတ် (၂)၌ လောဘ၊ ဒေါသ၊ မောဟကြီးခြင်းသည် အသက်ကိုပင် ရန်ရှာခံရတတ်ကြောင်းကို ကလေးတို့ သင်ခန်းစာယူနိုင်ရန် ရေးဖွဲ့တင်ပြထားသည့် “ပေါ်ဆန်းနှင့် လောဘ၊ ဒေါသ၊ မောဟ” မျက်နှာဖုံးကာတွန်း၊ ကလေးတို့ ငယ်စဉ်အခါ စကားသင်စအရွယ်၌ မှားတတ်သည့် စကားအသုံးအနှုန်းများကို သတိပြုမိစေရန် ချစ်စဖွယ် တင်ဆက်ထားသည့် “ဖိုးလုံး - ‘ယူ’ နှင့် ‘ချီ’ ” နှစ်မျက်နှာကာတွန်း၊ အသံကြောင့်ဖားသေဟူသည့် မြန်မာ စကားပုံကို ဟာသဖြစ်ဖွယ် ရေးဖွဲ့ထားသည့် “ဖိုးလပြည့်” တစ်မျက်နှာကာတွန်း၊ သူငယ်ချင်း၊ မိတ်ဆွေ အချင်းချင်း စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်နှင့် မညီညွတ်ပါက အခြားသူ၏ တိုက်ခိုက်ခြင်းခံရပြီး အသက် အန္တရာယ်နှင့် ရင်ဆိုင်ရပုံကို ပညာပေးတင်ဆက်ထားသည့် “မညီညွတ်လို့” နှစ်မျက်နှာကာတွန်း၊ မိမိ၏ သူငယ်ချင်းများအပေါ် အနိုင်ယူကာ ဆက်ဆံသည့်အတွက် ဒုက္ခရောက်ရပုံကို သတိပြု ဆင်ခြင်ဖွယ် ဖော်ပြထားသည့် “ခွင့်လွတ်ပါ သူငယ်ချင်းတို့ရယ်” နှစ်မျက်နှာကာတွန်း၊ ဦးလေးဖြစ်သူအား အပန်းဖြေခရီးမထွက်ရန် လိမ္မာပါးနပ်စွာ ပြောဆိုတတ်သော ကျောက်ပုအကြောင်းကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “ကျောက်ပု” မျက်နှာဝက်ကာတွန်းတို့ ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍတွင် ကရင်တိုင်းရင်းသားတို့၏ နှစ်သစ်ကူးနေ့အကြောင်းကို ကလေးတို့ ဗဟုသုတရစေရန် တင်ဆက်ထားသည့် “ကရင်နှစ်သစ်ကူးနေ့” သုတဆောင်းပါး၊ ကလေးတို့ သင်္ချာဉာဏ်စွမ်းရည် ထက်မြက်စေရန် ဖော်ပြထားသည့် ဆရာမမြင့်စန္ဒာ၏ “ဝက်ဝံနဲ့ ပျားရည်အိုး” ဉာဏ်စမ်းသင်္ချာကဏ္ဍ တို့ကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍတွင် ရိုးသားဖြောင့်မှန်သူ၏ ရှက်ခြင်း၊ ကြောက်ခြင်းကြောင့် အန္တရာယ်မှလွတ်မြောက် ရပုံအကြောင်းကို ရေးသားတင်ဆက်ထားသည့် “ရှက်ခြင်း ကြောက်ခြင်း အန္တရာယ်ကင်း” ကလေးပုံပြင်၊ ကလေးတို့ ဆော့ကစားရာတွင် မိမိတစ်ဦးတစ်ယောက် ပျော်ရွှင်ရန်အတွက်သာ အဓိကမထားဘဲ အခြားတစ်ယောက်အား ထိခိုက်မှုမရှိစေရန် သတိပြု၍ ကစားရမည်ဖြစ်ကြောင်းကို သင်ခန်းစာပေး ဖော်ပြထားသည့် “ကလေးများနှင့် ဖားလေးများ” ပုံပြင်တို့ကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်က အားထားရသည့် လယ်သမားကြီးများ၏ ဆောင်းနံနက်ခင်းအချိန်တွင် နေထိုင်စားသောက်ကြပုံ တောရွာဓလေ့သဘာဝကို ထင်ဟပ်လာစေရန် ပုံဖော်ရေးဖွဲ့ထားသည့် “ဆောင်းနံနက်” ကဗျာကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍ အနေဖြင့် နေ့စဉ်သုံးအင်္ဂလိပ်စကားပြောနှင့်ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ရှင်းလင်း တင်ပြထားပြီး လေ့ကျင့်ခန်းသစ်များကို ကလေးတို့ လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၃၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ်(၅၂၉ - ၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။  ဖုန်း - ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။


ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • စာမူများ
  • အရောင်းဌာန
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • စာကြည့်တိုက်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman