ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၁)၊ အမှတ်(၅၂)၌ မုဆိုးအချင်းချင်း လှည့်စားခံရပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးချွန်း၊ ဝိတ်ပေါနှင့် စပါးကြီးသည်းခြေ” မျက်နှာဖုံးကာတွန်း၊ ခေါင်းဆောင်ငါး၏ အကြံပေးချက်ကို မလိုက်နာ သောကြောင့် အသက်ဘေးနှင့်ကြုံတွေ့ခဲ့ရသော ငါးမိသားစုအကြောင်းကို ရေးဖွဲ့ထားသည့် “ခေါင်းဆောင်ကောင်း” နှစ်မျက်နှာကာတွန်း၊ မိမွှေး၏ ပင့်ကူလူသားရုပ်ရှင် ကြည့်ရမည်ကို ရှောင်ရှား နိုင်ရန် ဉာဏ်ဆင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ဘယ်ကျော်” တစ်မျက်နှာကာတွန်း၊ လူကုန်ကူးမှု မဖြစ်ပွားစေရေးကို တားဆီးကာကွယ်ရန်အတွက် လူတိုင်းသတိထားနေထိုင်ရမည် ဖြစ်ကြောင်းကို ရေးဖွဲ့ထားသည့် “မျိုးဇော်ပါဝင်သော လူကုန်ကူးမှုတိုက်ဖျက်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး” နှစ်မျက်နှာကာတွန်းနှင့် မူးယစ်ဆေးသည် သေမင်းကိုပင် သေစေနိုင်ပုံအကြောင်းကို ရေးဖွဲ့ထားသည့် “သေမင်းသေသွားသော ဆေးလိပ်” ဟာသတစ်မျက်နှာကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် အမေဇုန်မိုးသစ်တောထဲရှိ ထူးဆန်းသတ္တဝါတစ်မျိုးဖြစ်သော ပုရွက်စားကောင်အကြောင်းကို ဖတ်ရှုရမည်ဖြစ်ပါသည်။
ဝတ္ထုကဏ္ဍအနေဖြင့် ဇော်မောင်၏ ပတ်ဝန်းကျင်ကို ကိုယ်တိုင် လေ့လာပြီးမှသာ အသက်ဝင်သော ပန်းချီကားကို ရေးဆွဲနိုင်ခဲ့ပုံအကြောင်းကို ရေးဖွဲ့ထားပါသည်။ ထို့ပြင် ကလေးတို့အနေဖြင့် ပေးထားသော ခရစ္စမတ်သစ်ပင်ပုံတွင် ဆေးရောင်လှလှခြယ်သနိုင်မည့် ဆေးရောင်ခြယ်ကဏ္ဍနှင့် ကျောင်းသားကျောင်းသူများ ကျောင်းဉယျာဉ်အတွင်း သစ်ပင်ပန်းမန်မျိုးစုံကို တက်ညီလက်ညီဖြင့် စိုက်ပျိုးကြပုံအကြောင်း ကဗျာကို သရုပ်ဖော်ပုံများဖြင့် ဝေဝေဆာဆာ တင်ဆက် ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် ကလေးတို့အနေဖြင့် အကြိုက်နှစ်သက်ဆုံး လက်ဝတ်ရတနာပစ္စည်း နှင့်ပတ်သက်၍ အပြန်အလှန်ပြောဆိုပုံ အင်္ဂလိပ်စာဝါကျအချို့ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၂၅၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။