• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
¬၁၅ - ၁၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၆) ထွက်ရှိ

¬၁၅ - ၁၁ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၆) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၄၆)၌ သူတစ်ပါးပစ္စည်းကို ခိုးယူတတ်သော အကျင့်ရှိခြင်းကြောင့် သူငယ်ချင်းများ အကြားတွင် အရှက်ရခဲ့သော ချစ်ချစ်အကြောင်းကို သရုပ်ဖော်ထားသည့် “ပိုပိုမ ပါဝင်သော အကျင့်ဆိုး” မျက်နှာဖုံးကာတွန်း၊ စာဆိုတော်နေ့ ဖြစ်ပေါ်လာပုံအကြောင်းကို သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူး နှင့် အပေါင်းအသင်းများ” နှစ်မျက်နှာကာတွန်း၊ ကစားမက်၍ ထိခိုက်ဒဏ်ရာရခဲ့သော အောင်ပုကို စိတ်ဓာတ်မကျစေရန် ဖခင်က မျက်စိမမြင်သော်လည်း နိုင်ငံကျော် ကာတွန်းရုပ်ပြဇာတ်လမ်းများ၌ အသံ သရုပ်ဆောင်အဖြစ် လုပ်ဆောင်နိုင်ခဲ့သူ ‘ကွမ်’ အကြောင်းကို ပြောပြပေးခဲ့ပုံကို သရုပ်ဖော်ထားသည့် “အောင်ပု” နှစ်မျက်နှာကာတွန်း၊ စဉ်းစားဆင်ခြင်တတ်သည့် အသိဉာဏ်ရှိပါက အသက်ဘေးမှပင် လွတ်မြောက်နိုင်ကြောင်းကို ကျားနှင့် ကျွဲတို့ကို ဥပမာပြု၍ သရုပ်ဖော်ထားသည့် “ဆင်ခြင်ဉာဏ်” နှစ်မျက်နှာကာတွန်း၊ ကလေးများကို သင်္ချာတွက်ချက်ရာ၌ အထောက်အကူဖြစ်စေရန် ဘုရားပန်းအရေ အတွက်ကို ဥပမာထား၍ တွက်ချက်နိုင်မည့် “ချက်ပု - ဉာဏ်နီ ဉာဏ်နက် အဖြေထွက်” တစ်မျက်နှာ ကာတွန်းနှင့် စာမေးပွဲနီးသော်လည်း စာမရသေး၍ မှတ်ဉာဏ်ကောင်းသည့် ဆေးကို ရှာဖွေနေသော ကျောင်းသား‌လေးအကြောင်းကို သရုပ်ဖော်ထားသည့် “ကျော်ကြီး” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

သုတဆောင်းပါးကဏ္ဍတွင် အိပ်ရေးဝဝ အိပ်စက်ခြင်းကြောင့် ရရှိလာမည့် ကောင်းကျိုးများ အကြောင်းကို ရေးသားထားသည့် “အိပ်ရေးဝဝ အိပ်ကြမယ်” သုတဆောင်းပါး ပါဝင်ပြီး ရိုးသားစွာ လုပ်ကိုင်ခဲ့၍ သူဌေးသမီးလေးနှင့် လက်ဆက်ကာ မြေယာအိုးအိမ်များကို ပိုင်ဆိုင်ခွင့်ရသွားခဲ့သော လူငယ်လေးအကြောင်းကို ရေးသားထားသည့် “ရိုးသားသူနှင့် မရိုးသားသူ” ပုံပြင်နှင့် မိမိကို စာမေးလေ့ရှိသော ဆရာ၏ စေတနာကို နားလည်သွားခဲ့သော မောင်ဇော်မောင်အကြောင်းကို ရေးသား ထားသည့် “ဆရာ့စေတနာကို နားလည်ပါပြီ” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲ ထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ အနေဖြင့် အင်္ဂလိပ်စာလုံးအချို့ကို အစစာလုံးနှင့် အဆုံးစာလုံးတို့ တူညီသည့် စကားလုံးအချို့ကို ရေးသားနိုင်မည့် “ဉာဏ်စမ်း” နှင့် နတ်တော်လထဲတွင် ကျရောက်သည့် စာဆိုတော်နေ့တွင် ကျင်းပသည့် စာပေဆုပေးပွဲအကြောင်းကို သီကုံးစပ်ဆိုထားသည့် “စာပေပွဲတော်နေ့” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အိမ်သုံးပစ္စည်းတစ်ခုခု ပျက်စီးပါက ပြင်ဆင်ရန် ဆက်သွယ်ပြောဆိုရမည့် အကြောင်းအရာများကို အသုံးအနှုန်းအမျိုးမျိုးဖြင့် ရေးသားထားသည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“နေခြည်ဝင်းပ အလင်းတစ်စ အလှကဗျာများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာမူများ
  • စာပေဗိမာန်
  • ပြိုင်ပွဲများ
  • အခမ်းအနားများ
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • စာအုပ်များ
  • စာပေရေချမ်းစင်
  • စာကြည့်တိုက်
  • ရွှေသွေး
books
  • ၂၀၂၆ ခုနှစ်၊ မတ်လအတွက် အသင်းပေးစာအုပ်အဖြစ် “ညိမ်းညို ရေးသားသည့် “မခန်းသောမြစ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    31-Mar-2026
  • ၂၈- ၃- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၃) e-book ထွက်ရှိ

    31-Mar-2026
  • ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက် ထုတ် အတွဲ (၇၉)၊ အမှတ် (၁၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    30-Mar-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman