• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၈-၁၀-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂)ထွက်ရှိ

၁၈-၁၀-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂)၌ ဦးပြုံးချို၏ စေတနာနှင့် ဆုံးမ သည့် စကားများကြောင့် အသိတရားကိုယ်စီ ရရှိသွားသည့် ဖြိုးရဲနှင့် ကိုထက်တို့ အကြောင်းကို သရုပ်ဖော်ထားသည့် “ဦးပြုံးချို၏ စေတနာ” မျက်နှာဖုံးကာတွန်း၊ အကြွားသန်‌သော ပိုပိုမှာ အမှန်တရားပေါ်သွား၍ ရှက်သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ပိုပိုမပါဝင်သော ကြွားပို” နှစ်မျက်နှာကာတွန်း၊ ဆရာမမေးသည့် ဝါကျကို ပြန်လည်ဖြေဆိုထားသည့် ပန်ပန်အကြောင်းကို သရုပ်ဖော်ထား သည့် “ပန်ပန်၏ ကျေ၊ ကြေ” တစ်မျက်နှာကာတွန်း၊ ပုပုသည် သူ၏ မုန့်ဖိုးဖြင့် မွေးနေ့တွင် မိဘနှစ်ပါးအား ပစ္စည်းများဖြင့် ကန်‌တော့သည့်အကြောင်း သရုပ်ဖော်ထားသည့် “ကျေးဇူးဆပ်သော မွေးနေ့ပွဲ” နှစ်မျက်နှာကာတွန်း၊  ရွာသားများမှာ သူကြီးက ပျော်ရွှင်ပွဲများတွင် ဒိုးပတ်အိုးစည်ဝိုင်းများ မပြုလုပ်ရန် အမိန့်ထုတ်ရသည့်အကြောင်းကို သိရှိသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “တစ်ခါတုန်းက တို့ရွာမှာ” နှစ်မျက်နှာကာတွန်းနှင့် မိုးများသည်းပြီး လျှပ်စီး များ လက်ကာ မိုးကြိုးများပစ်လျှင် ကြောက်တတ်သည့် ပိုင်ပိုင်အကြောင်းကို သရုပ်ဖော်ထားသည့် “မနှိုးလို့ပေါ့”မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။ 

သုတကဏ္ဍအနေဖြင့် နဂါးငွေ့တန်းအကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ကောင်းကင်အတွင်းရှိ နဂါးငွေ့တန်းများ” သုတကဏ္ဍ၊ စာစီစာကုံးရေးရန် သက်သီရိ သိချင်သော အကြောင်းအရာများကို သူ့ဖေဖေ၏ ရှင်းပြပေးမှုကြောင့် သိရှိသွားသည်ကို ရေးသားထားသည့် “တို့တောရွာ” ဝတ္ထုကဏ္ဍ၊ ကျား၏ မတရားမှုကို တိရစ္ဆာန်များက ပညာပေးလိုက်သည့်အတွက် ခန္ဓာကိုယ်ပေါ်က အစင်းကျားများ ဖြစ်ပေါ်လာသည့်အကြောင်းကို ရေးသားထားသည့် “ကျားခန္ဓာ ကိုယ်ပေါ်က အစင်းကျား” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာအနေနှင့် အိမ်အရောက် ပစ္စည်းပို့သည်ကို အချိန်ရွှေ့ဆိုင်းပြင်ဆင်ပေးရန် ဖုန်းဆက်သည့်အကြောင်းကို ရေးသားထားသည့် “‌ရွှေသွေး စကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍနှင့် ကထိန်သင်္ကန်းလှူဒါန်းပုံ၊ ဘုံကထိန်များ လှည့်လည်ပုံ၊ ဘုန်းကြီး ကျောင်းမှ ပြန်လည်ဧည့်ခံပုံနှင့် နှစ်စဉ် ကုသိုလ်ယူကြပုံအကြောင်းကို ရေးဖွဲ့ထားသည့် “ရွှေသွေးတို့နွှဲ ကထိန်ပွဲ” ကဗျာကဏ္ဍတို့ကို လေ့လာမှတ်သားနိုင်မည်ဖြစ်ပါသည်။

    ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာအုပ်များ
  • အရောင်းဌာန
  • စာကြည့်တိုက်
  • ရွှေသွေး
  • စာပေဗိမာန်
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
books
  • ၁၈-၁၀-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂) e-book ထွက်ရှိ

    21-Oct-2025
  • ၁၈-၁၀-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၄၂)ထွက်ရှိ

    17-Oct-2025
  • ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလအတွက် အသင်းပေးစာအုပ်အဖြစ် “တက္ကသိုလ်မြမဉ္ဇူ” ရေးသားသည့် “ကိုယ့်ခြံမှာလည်း ပန်းတွေပွင့်ရမယ်နှင့် အခြားဝတ္ထုတိုများ” စာအုပ် ဖြန့်ချိ

    16-Oct-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman