• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
¬၁၃ - ၉ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၇) ထွက်ရှိ

¬၁၃ - ၉ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၇)၌ စာစီစာကုံးရေးနိုင်ခြင်းကိုသာ အာရုံစိုက်လုပ်ဆောင်ကာ အခြားအရာများ ဆုံးရှုံးသွားသည်ကို ဂရုမပြုမိခဲ့သောကြောင့် မိခင်၏ ဆုံးမမှုကိုခံခဲ့ရသော ပလာတူး အကြောင်းကို သရုပ်ဖော်ထားသည့် “ခိုင်ဝေရဲ့ အကြံ” မျက်နှာဖုံးကာတွန်း၊ ပန်းချီပုံရေးဆွဲရာ၌ မိမိ၏ စိတ်ကူးအတွေးဖြင့် ပန်းကန်ပြားတစ်ချပ်တည်းကိုသာ ရေးဆွဲထားသည့် ချက်စူအကြောင်းကို သရုပ်ဖော် ထားသည့် “ချက်စူ ပါဝင်သော အတွေးအခေါ်ပန်းချီ” နှစ်မျက်နှာကာတွန်း၊ ကစားကွင်းဘေးတွင် ကလေး များကို ဝှေ့တတ်သည့် ဆိတ်သိုးကို နှိမ်နင်းပေးမည်ဟု ပြောခဲ့သော်လည်း လက်တွေ့တွင် သူ၏လုပ်ရပ် ကြောင့် သူငယ်ချင်းများ၏ ဝိုင်းဝန်းလှောင်ပြောင်ခြင်းကို ခံခဲ့ရသော ကိုထက်အကြောင်းကို သရုပ်ဖော် ထားသည့် “ဖြိုးရဲနှင့် ကိုထက် ပညာပေးပုံ”  နှစ်မျက်နှာကာတွန်း၊ အပေါင်းအသင်းမှားကာ လမ်းမှား ရောက်တော့မည့် ပုပုကို သူငယ်ချင်းများက လမ်းမှန်သို့ရောက်အောင် တည့်မတ်ပေးခဲ့ပုံကို သရုပ်ဖော် ထားသည့် “ပုပုပါဝင်သည့် ပြင်ပါ့မယ် နီမရယ်” နှစ်မျက်နှာကာတွန်း၊  ဖခင်က စကားပြောရာ၌ မှန်မှန် ကန်ကန် ပြောဆိုတတ်စေရန် ဆုံးမစကားပြောသည်ကို သူလုပ်ချင်သော အရာများကို အချိန်မှန်မှန် လုပ်ဆောင်နိုင်ရန် ပြောပြခဲ့သော ဖြတ်ထိုးဉာဏ်ကောင်းသည့် ပူတင်းအကြောင်းကို သရုပ်ဖော်ထားသည့် “ပူတင်း- အချိန်မှန်ဖို့ပဲ လိုတယ် ” တစ်မျက်နှာကာတွန်းနှင့် ကြက်သားကြော်ကို နေ့တိုင်းစားနေရ၍ ငြီးငွေ့နေသည့် ဖိုးတစ်တိုနှင့် ကြက်ဥကို ဟင်းအပြောင်းအလဲအဖြစ် ပြုတ်ပေးမည့် သူ၏ မေမေတို့ အကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါ အကြောင်းကို  ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်း စရာ” သုတဆောင်းပါး၊ ဆက်ရက်ဖိုနှင့် ဆက်ရက်မတို့ကို စိတ်ကောင်းစေတနာကောင်းထားကာ အစာကျွေးခဲ့၍ ရတနာပစ္စည်းများကို ထိုက်ထိုက်တန်တန် ရရှိခဲ့သော လယ်သမားကြီးအကြောင်းကို ရေးသားထားသည့် “စေတနာရောင်ပြန်” ပုံပြင်နှင့်  ‘ပျော်ရွှင်စရာ ခရီးတစ်ခေါက်’ ခေါင်းစဉ်ဖြင့် စာစီစာကုံး ရေးသားရာ၌ နွေရာသီ ကျောင်းပိတ်ရက်တွင် မန္တလေးသို့ ရထားဖြင့် ဘုရားဖူးသွားခဲ့သည် များကို ရေးသားထားသည့် “ပျော်ရွှင်စရာ ခရီးတစ်ခေါက်” ဝတ္ထုတို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ အနေဖြင့် ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက်အရောင်များဖြင့် ခြယ်သနိုင်မည့် “ရေးပါ ခြယ်ပါ ပျော်စရာ” ကဏ္ဍ၊ ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေး တို့လက်ရာ” ကဏ္ဍနှင့် ကလေးတို့ကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂတို့နှင့် ပြည့်စုံသည့် နိုင်ငံ့ သားကောင်းများဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း သီကုံးရေးစပ်ထားသည့် “နိုင်ငံ့အင်အား ကြယ်ပွင့်များ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ်များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက်သည့် အင်္ဂလိပ်စာအသုံးအနှုန်းများကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
လပြည့်နေ့ ဖွား မြန်မာလူကျော်များ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • ပုံနှိပ်ရေး
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • စာပေရေချမ်းစင်
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • စာအုပ်များ
books
  • ၁၃ - ၉ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၇) e-book ထွက်ရှိ

    16-Sep-2025
  • ¬၁၃ - ၉ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၇) ထွက်ရှိ

    12-Sep-2025
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    12-Sep-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman