• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၃ - ၈ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၄) ထွက်ရှိ

၂၃ - ၈ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၄) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

¬ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၄)၌ တစ်ကောင်နှင့် တစ်ကောင် သွေးစည်းညီညွတ်စွာ နေထိုင်လျက်ရှိရာမှ မြေခွေး၏ သွေးခွဲမှုကြောင့် နောက်ဆုံးတွင် ခြင်္သေ့၏ စားသောက်ခြင်းကို ခံခဲ့ရသော ကျွဲလေးကောင်အကြောင်းကို သရုပ်ဖော်ထားသည့် “စည်းလုံးခြင်းသည်” မျက်နှာဖုံးကာတွန်း၊ ရိုးအလွန်းသော ဖိုးလုံးကို မြို့သို့ ခေါ်ခဲ့မိ သော သူငယ်ချင်းဖြစ်သူအကြောင်းကို သရုပ်ဖော်ထားသည့် “ရိုးလွန်းတော့ အ” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများနှင့် ကစားသွားချင်သောကြောင့် မိခင်က ဈေးဝယ်ခိုင်းသည်ကို တမင် ပစ္စည်းများ မှားဝယ် လာသည့် လင်းထက်အကြောင်းကို သရုပ်ဖော်ထားသည့် “လင်းထက်- အမှားများ”  နှစ်မျက်နှာကာတွန်း၊  ရွှေပဲ၏ ပန်းသီးနှင့် မာလကာသီးတို့ကို ပေါင်းစပ်ကာ ပန်းမာလကာသီးအဖြစ် စမ်းသပ်ရာမှ အသီးများ၏ အချိုရည်များကို ပုရွက်ဆိတ်များသာ လာရောက်စားသောက်နေကြပုံအကြောင်းကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ရွှေပဲ” နှစ်မျက်နှာကာတွန်း၊ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ထက်မြက်စေရန် အချိန်မှန်မှန် အိပ်ရာမှထသင့်ကြောင်း ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဂျာရစ်- မောင်ရွှေသွေး” တစ်မျက်နှာကာတွန်းနှင့် အင်္ဂလိပ်သရ ၅ လုံးကို ပြောပြခိုင်းသော်လည်း ဆရာအသံထွက်သည့် vowel ၅ လုံး ကိုသာ ပြန်ဖြေခဲ့သည့် ချက်ပုအကြောင်းကို သရုပ်ဖော်ထားသည့် “ချက်ပု” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် ရှားစောင်းလက်ပပ်ပင်၏ ကျန်းမာရေးအတွက် ကောင်းကျိုးများ ဖြစ်စေကြောင်းကို ဗဟုသုတရဖွယ် ရေးသားထားသည့် “ရှားစောင်းလက်ပပ်ပင်၏ ကျန်းမာရေး ကောင်းကျိုးများ” သုတဆောင်းပါး၊ စိတ်ကောင်းစေတနာထားတတ်မှုနှင့် သူတစ်ပါး၏ကျေးဇူးကို သိတတ်မှုတို့ကြောင့် အသက်ချမ်းသာရာ ရသွားသော မောင်ထူးအကြောင်းကို ရေးသားထားသည့် “ပင်လယ်ထဲက ငါး” ပုံပြင်နှင့် နေ့လယ်ကျောင်းဆင်းချိန်တွင် ပိုက်ဆံထောင်ကာ ဖိနပ်လျှောတိုက် ပစ်တမ်းကစားနေသော ကျောင်းသားလေးများသည် မိမိတို့ကစားနေသော ကစားနည်းသည် ကျောင်းအုပ်ဆရာကြီး၏ ဆုံးမမှုအရ လောင်းကစားနည်းတစ်ခုဖြစ်နေသည်ကို သိရှိသွားသောအခါ နောင်တရရှိသွားကြပုံအကြောင်းကို ရေးသားထားသည့် “မကစားသင့်သော ကစားခြင်း” ဝတ္ထုတို့ ပါဝင် ပါသည်။ ထို့ပြင် ကလေးတို့ ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို ထည့်သွင်းဖော်ပြထား သည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ပေးထားသော ရုပ်ပုံလေးကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြရအောင်”ကဏ္ဍနှင့် ဆေးလိပ်သောက်ခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေးဆိုးကျိုးများကို သီကုံးရေးဖွဲ့ထားသည့် “ကျောင်းဂုဏ်ဆောင်တဲ့ တို့ကျောင်းသား” ကဗျာတို့ ပါဝင်ပါသည်။ ရွှေသွေးစကားဝိုင်းအနေဖြင့် ဧည့်ခန်းသုံးပရိဘောဂများ ဝယ်ယူရာ၌ ပစ္စည်းတန်ဖိုးနှင့် ခိုင်ခံ့မှု ရှိ မရှိ၊ အရည်အသွေး ကောင်း မကောင်းကို ပြောဆိုပုံအမျိုးမျိုးနှင့် ရေးသားထားသည်ကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman