• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၆-၈- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၃) ထွက်ရှိ

၁၆-၈- ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၃) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၇)၊ အမှတ်(၃၃) ၌ မိဘထံမှ အမွေရသည့် အိမ်ကို ပြုပြင်ထိန်းသိမ်း၍ ရေရှည်ခိုင်ခံ့အောင် ဆောင်ရွက်သော ဖြူဖြူနှင့် မပြုပြင် မထိန်းသိမ်းတတ်၍ ပျက်စီးသွားသော ဖွေးဖွေးတို့ ယုန်ညီအစ်ကို နှစ်ကောင်အကြောင်းကို သရုပ်ဖော်ထားသည့် “ထိန်းသိမ်းကြပါ” မျက်နှာဖုံးကာတွန်း၊ ဒေါသရှေ့ထားပြီး မဆင်မခြင်သော စိတ်ဖြင့် ဖားကို အော်လိုက်မိသောကြောင့် ခြင်္သေ့ကြီး သေဆုံးသွားရသည်ကို သရုပ်ဖော် ထားသည့် “ဒေါသကြီးတဲ့ ခြင်္သေ့ကြီး” နှစ်မျက်နှာကာတွန်း၊ ဖိုးတစ်တို ကန်လိုက်သော ဘောလုံးကြောင့် ပြတင်းပေါက်မှန် ကွဲသွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ ဝက်ညီအစ်ကိုတို့မှာ ရွက်လွှင့်တမ်းကစားရာတွင် ရွက်လှေလေး မဆုံးရှုံးရလေအောင် အပ်ချည်ကြိုးဖြင့် ချည်ပြီး ကစားသည်ကို သရုပ်ဖော်ထားသည့် “ဝက်ညီအစ်ကို” နှစ်မျက်နှာကာတွန်း၊ ချက်စူ၏ဖခင် ရှင်းပြ လိုက်သောကြောင့် ခဲတံတိုလေးတွေကို လွှင့်မပစ်ဘဲ ဝတုတ်ကဲ့သို့ အသုံးပြုကြမည့် ဗိုက်ပူတို့ သူငယ်ချင်း များအကြောင်း သရုပ်ဖော်ထားသည့် “ခဲတံလေး၏ တန်ဖိုး” နှစ်မျက်နှာကာတွန်းနှင့် သူငယ်ချင်းမေးသည် ကို စနောက်၍ ဖြေလိုက်သော မြဂျိုးအကြောင်း သရုပ်ဖော်ထားသည့်  “မြဂျိုး” မျက်နှာဝက်ကာတွန်း ကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

စက်ဘီးစတင်ပေါ်ပေါက်လာပုံနှင့် အသုံးဝင်ပုံအကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စက်ဘီးကမ္ဘာ” သုတဆောင်းပါးကဏ္ဍ၊ ထွန်းတောက်နှင့် သူငယ်ချင်းများသည် လမ်းခင်းရာတွင် စုပေါင်း ၍ လုပ်အားပေးထားသည့်အကြောင်းကို ရေးသားထားသည့် “စုပေါင်းအင်အား” ဝတ္ထုကဏ္ဍ၊ ကောက်ကျစ် သော လှေသူကြီးဆီမှ အသပြာငွေတစ်ထောင်ကို ရအောင်ယူနိုင်သည့် ဉာဏ်ကောင်းသော မောင်အိုင်း အကြောင်း ရေးသားထားသည့် “ဉာဏ်ကောင်းသူ၏ ပရိယာယ်” ပုံပြင်ကဏ္ဍနှင့် မိုးဥတုတွင် မိုးများ သည်းပုံ၊ အဖေက လယ်ထွန်ပုံ၊ မေမေက အိမ်တွင် ထမင်းချက်ပုံ၊ ချင်းတွင်းမြစ်တွင် လှေများဖြင့် ထင်းဆယ်ပုံ၊ လယ်ကွက်များတွင် ကောက်စိုက်နေကြပုံနှင့် ကျောင်းသူ၊ ကျောင်းသားများ စာသင်ကျောင်း များ သွားကြပုံတို့အကြောင်းကို ရေးဖွဲ့ထားသည့် “မိုးရာသီအလှ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါ သည်။

အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံ လိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman