• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂ - ၈ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၁) ထွက်ရှိ

၂ - ၈ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၁) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၁)၌ တိရစ္ဆာန်လေးများ အစာစားနေသည်ကို အစားပျက်အောင် နှောင့်ယှက်ခဲ့၍ မိမိ ရေခဲမုန့် စားသောအခါတွင်လည်း ကျီးကန်းထိုးခြင်းကို ခံခဲ့ရသော မြတ်မင်းအောင် အကြောင်းကို သရုပ်ဖော်ထားသည့် “ကိုယ်ချင်းစာစိတ်” မျက်နှာဖုံးကာတွန်း၊ ကလေးများကို စာတော်စေချင်သည်မှာ မိဘတို့၏ မေတ္တာစေတနာဖြစ်သော်လည်း အလွန်တင်းတင်းကျပ်ကျပ် မခိုင်းသင့်ကြောင်း သရုပ်ဖော်ထားသည့် “ဥပမာလေး ကယ်လို့” နှစ်မျက်နှာကာတွန်း၊ မြို့သားများနှင့် တောသားတို့ လှေလှော်ပြိုင်ကြရာ၌ လှေလှော်အတတ်ကို ဘက်စုံကျွမ်းကျင်သော တောသားက အနိုင်ရ သွားပုံကို သရုပ်ဖော်ထားသည့် “ရွှေပဲ”  နှစ်မျက်နှာ ကာတွန်း၊ တီထွင်ကြံဆချင်သည့် အသိဉာဏ်ရှိသော ပုပုအကြောင်းကို သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် ဒါမှ တို့ဖေဖေ” နှစ်မျက်နှာကာတွန်း၊ မိမိကိုယ်မိမိ လူလည်ဟု ထင်မှတ်နေရာမှ သူတစ်ပါး၏လှည့်ဖြားခြင်းကို ခံခဲ့ရသော ကိုလူလည်အကြောင်းကို သရုပ်ဖော်ထားသည့် “မအူမလည် ကိုလူလည်” တစ်မျက်နှာကာတွန်းနှင့် ဖိုးတစ်တိုသည် မိခင်က အလုပ်ခိုင်းသောအခါ အပြင်သွားနေသည်ဟု သဘောထားရန် တောင်းဆိုခဲ့ရာ မိခင်ကလည်း မုန့်ဟင်းခါးစားသောအခါ ဖိုးတစ်တို အပြင်သွားနေသည်ဟု သဘောထားကာ မကျွေးဘဲထားသည်ကို ဟာသဖြစ်ဖွယ် သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သုတဆောင်းပါးကဏ္ဍတွင် ထမင်းဝိုင်းတွင် ပြုကျင့်အပ်သော ယဉ်ကျေးမှုဓလေ့ ထုံးစံများကို ဗဟုသုတရဖွယ် ရေးသားထားသည့် “မြန်မာ့ထမင်းဝိုင်း ယဉ်ကျေးမှု” သုတဆောင်းပါး၊ စီးပွားရေးမပြေလည်၍ ပညာဆက်မသင်ရသော သူငယ်ချင်းကို မိမိကဲ့သို့ ပညာဆက်သင်နိုင်စေရန် ကူညီ ပေးခဲ့သော မောင်ထွေးအကြောင်းကို ရေးသားထားသည့် “သူငယ်ချင်းကောင်း” ဝတ္ထုနှင့် မိခင်ရှိရာ အသိုက်သို့ ပြန်ရန် လမ်းမသိသည့် ငှက်ကလေးကို အကူအညီပေးခဲ့သည့် ရှဉ့်ကလေးအကြောင်းကို ရေးသားထားသည့် “ငှက်ကလေးရဲ့ အိမ်ပြန်ခရီး” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင် ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊  ကလေးတို့အနေဖြင့် ပေးထားသော ရုပ်ပုံလေးများကို ကလေးတို့စိတ်ကြိုက် အရောင်များဖြင့် ခြယ်သနိုင်မည့် “ဆေးရောင်လှလှ ခြယ်ကြ ရအောင်” ဉာဏ်စမ်းနှင့် မြန်မာမိန်းကလေးများ မြန်မာဆန်ဆန် နေထိုင်ဝတ်ဆင်ကြပုံကို သီကုံး ရေးစပ်ထားသည့် “မြန်မာဆန်သူ” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အီဒီယမ် များအပါအဝင် Two-word Verb ဟု ခေါ်သော Phrasal Verb များ၏ အသုံးများနှင့် ပတ်သက် သည်များကို လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman