• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၆ - ၇ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၀) ထွက်ရှိ

၂၆ - ၇ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၃၀) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ်(၃၀)၌ တစ်ပါးသူ အသက်ရှင်ဖို့အတွက် ကိုယ်ကျိုးစွန့်သွားသည့် နှင်းစက်လေးအကြောင်း သရုပ်ဖော်ထားသည့် “နှင်းစက်လေး” မျက်နှာ ဖုံးကာတွန်း၊ တော်သလင်းလ၏ ထူးခြားချက်များအကြောင်းကို ခင်ခင်ပြူးနှင့် သူငယ် ချင်းများ ပြောထားသည်ကို သရုပ်ဖော်ထားသည့် “ဂန္ထဝင် ခင်ခင်ပြူးနှင့် အပေါင်းအသင်းများ” နှစ်မျက်နှာ ကာတွန်း၊ ကျောင်းပိတ်ရက်တွင် အမေကို ဝိုင်းကူလုပ်ပေးသော ဖိုးတစ်တိုအကြောင်း သရုပ်ဖော် ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ မိဘ၏ ဆုံးမစကားကို နားထောင်ပြီး လိုက်နာ လုပ်ဆောင်သည့်အတွက် ကျန်းမာရေး ကောင်းကျိုးများ ရရှိသွားသည့် ဖိုးဇော်အကြောင်း သရုပ်ဖော်ထားသည့် “ကျန်းမာခြင်းရဲ့ လာဘ်တစ်ပါး” နှစ်မျက်နှာကာတွန်း၊ ကျောင်းဆရာ ဦးအောင်ကြီး၏ စုံစမ်းပေးမှုကြောင့် ရဲများ အလိုရှိနေသော ဝရမ်းပြေး ဝစိန်ကို ဖမ်းမိသွားသည့် အကြောင်း သရုပ်ဖော်ထားသည့် “ကျောင်းဆရာစုံထောက် ဦးအောင်ကြီး” နှစ်မျက်နှာ ကာတွန်း နှင့် ကျောင်းတွင် ဆရာမမေးသည့် မေးခွန်းကို မှားဖြေလိုက်မိသည့် ပိုင်ဇင်သန့် အကြောင်းကို သရုပ်ဖော်ထားသည့် “ပိုင်ဇင်သန့်-တနဲ့ထ” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

သစ်တောသစ်ပင်များသည် ကမ္ဘာကြီးကို အကျိုးပြုပုံ၊ သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပုံနှင့် သစ်ပင်များ စိုက်ပျိုးခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ဗဟု သုတ ဖြစ်ဖွယ် ရေးသားထားသည့် “သစ်ပင်၏ အကျိုးကျေးဇူးများ”   သုတဆောင်းပါးကဏ္ဍ၊ အိအိသည် မိဘမေတ္တာကို နားလည်သွားကာ သူငယ်ချင်းအောင်မြတ်ကို အားကျ အတုယူသွား မည့်အကြောင်း ရေးသားထားသည့် “မုန့်ဖိုး” ဝတ္ထုကဏ္ဍ၊ ဘုရင်ကြီးမှာ သပ်ရပ်သန့်ရှင်းစွာ နေထိုင်သော အဘွားအိုကို သပ်ရပ်သန့်ရှင်းမှု တစ်သက်တာဆုအဖြစ် ဆုငွေများ ချီးမြှင့်ထား သည့်အကြောင်းကို ရေးသားထားသည့် “ဟန်ဆောင်မှုကင်း ဆုရခြင်း” ပုံပြင်ကဏ္ဍ၊ အင်္ဂလိပ်စာ အနေနှင့် ပရိဘောဂပစ္စည်းများကို တိုက်ခန်းတွင် မည်သည့်နေရာတွင် နေရာချထားမည့် အကြောင်းကို ပစ္စည်းသယ်ပေးသူနှင့် တိုက်ခန်းပိုင်ရှင်တို့ အပြန် အလှန် ပြောဆိုပုံကို အသုံး အနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို လေ့လာနိုင်မည့်  “ရွှေသွေးစကားဝိုင်း” ကဏ္ဍနှင့် ဝါခေါင်လတွင် မြစ်ချောင်းများ၊ လယ်ကွင်းများတွင် မိုးရေများ ပေါများပုံ၊ ပျိုမေနှင့် ဦးကြီးများ လယ်ယာလုပ်ငန်း လုပ်ကိုင်ပုံ၊ ခတ္တာပန်းများ ဖူးပွင့်ပုံ၊ စာရေးတံမဲပွဲကို စုပေါင်း၍ ဆင်နွှဲပုံနှင့် မေတ္တာအခါတော်နေ့ ကျင်းပပုံတို့အကြောင်း ရေးဖွဲ့ထားသည့် “ဝါ‌ခေါင်သာစွ မိုးလယ်လ” ကဗျာ ကဏ္ဍတို့ ပါဝင်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပုံနှိပ်ရေး
  • သုတပဒေသာစာစောင်
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ရွှေသွေး
  • စာပေဗိမာန်
  • စာပေရေချမ်းစင်
books
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၃၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်း ဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    28-Aug-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman