• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၇-၁-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁)ထွက်ရှိ

၇-၁-၂၀၂၃ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၁)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေ လျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ်အတွဲ (၅၅)၊ အမှတ် (၁)၌ ပညာဆိုသည်မှာ ခွဲခြမ်းသိမြင်နိုင်သောအသိဉာဏ်နှင့် အတတ်ဖြစ် ကြောင်းကို ရေးဖွဲ့ထားသည့် “ပုပုပါဝင်သည့် ပညာဆိုတာ” မျက်နှာဖုံးကာတွန်း၊ သူတစ်ပါးအပေါ် အခကြေးငွေယူ၍ ကူညီရာက မိမိတွင်ပါလာသော ကုန်ပစ္စည်းများကိုပါ ရောင်းပြီး အကြွေးဆပ်လိုက်ရသော ကုန်သည်အကြောင်း သရုပ်ဖော်ထားသည့် “အလျော်အစား” နှစ်မျက်နှာကာတွန်း၊ မိဘစကားနားထောင်ပြီး မိဘအပေါ် ကူညီ ပေးတတ်သော ရွှေပိုးအကြောင်း သရုပ်ဖော်ထားသည့် “ရွှေပိုး- မပူနဲ့” နှစ်မျက်နှာကာတွန်း၊  မောင်ရွှေရိုး ၏ ဖြတ်ထိုးဉာဏ်ကောင်းမှုကြောင့် မြင်းပိုင်ရှင်အမှန်ကို တရားသူကြီးက အဆုံးအဖြတ် ပေးနိုင်ခဲ့ပုံ အကြောင်း တင်ဆက်ထားသည့် “မြင်းပိုင်ရှင် ဘယ်သူလဲ” နှစ်မျက်နှာကာတွန်း၊ တကယ်ရှိနေသော ပိုက်ဆံကို သူငယ်ချင်းအား ခွဲမပေးနိုင်ဘူး ဆိုသည့် ရွှေဖဲအကြောင်း သရုပ်ဖော်ထားသည့် “ရွှေဖဲ” တစ်မျက်နှာကာတွန်းနှင့် ဂိမ်းမဆော့ဘဲ အိပ်ရေးဝအောင်အိပ်ခြင်းကြောင့် စာသင်ခန်းထဲတွင် အိပ်မငိုက် ဘဲ တက်ကြွနေသော ဘုန်းဆင့်သူအကြောင်း ရေးဖွဲ့ထားသည့် “ဘုန်းဆင့်သူ-အိပ်မငိုက်နည်း” မျက်နှာ ဝက်ကာတွန်းတို့ကို တင်ဆက် ထားပါသည်။

သုတကဏ္ဍအနေဖြင့် မွေးနေ့ပါတီဖြစ်ပေါ်လာပုံနှင့် မွေးနေ့ကိတ်အကြောင်း ကလေးတို့ ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် နိုင်ငံ့ရင်သွေး ရွှေသွေးလူငယ် မောင်မယ် များ၏ အနာဂတ်သည် ပညာရေးတိုးတက်ကောင်းမွန်မှုပေါ်တွင် မူတည်နေပုံကို ကျောင်းသားမိဘ အားလုံးသဘောပေါက် နားလည်သွားပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် မိမိ၏ လူကဲခတ်မှန်ပြီး ဉာဏ်ကောင်းမှုကြောင့် သူခိုးဓားပြဘေးက လွတ်မြောက်သွားသော မောင်သုတအကြောင်း ရေးဖွဲ့ထားပါ သည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့လက်ရာ” ကဏ္ဍ၊ ကလေးတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်မည့် ဉာဏ်စမ်းကဏ္ဍနှင့် ဓူဝံကြယ် သည် ရွေ့လျားမှုမရှိဘဲ အဘယ်ကြောင့် တစ်နေရာတည်းတွင် တည်ရှိနေသလဲဆိုသည့်အကြောင်း ရေးဖွဲ့ထားသည့် ဆရာမောင်နေခြည် (ပြည်)၏ “ဓူဝံကြယ်” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါ သည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အင်္ဂလိပ်စာဝါကျတည်ဆောက်ရာတွင် If နှင့်ဆက်ထားသော Conditional Clause အသုံးနှင့် ပတ်သက်၍ သင်ခန်းစာသစ်အချို့ကို ကလေးတို့ လေ့လာမှတ်သား နိုင်မည်ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။  ဖုန်း ၀၁ ၈၁၄၄၈၊ ၀၁-၂၄၉၀၃၁သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာအုပ်များ
  • ပုံနှိပ်ရေး
  • အရောင်းဌာန
  • ပြိုင်ပွဲများ
  • စာမူများ
  • ပြည်သူ့လက်စွဲစာစဉ်
  • ရွှေသွေး
  • စာပေရေချမ်းစင်
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman