• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၄ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၂) ထွက်ရှိ

၂၄ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၅၂) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၅၂) ၌ အကျင့်သီလကောင်းမွန်ခြင်းကြောင့် လူအများ၏ ကြည်ညိုလေးစားမှု ရရှိနိုင်ပုံ အကြောင်းကို တင်ဆက်ထားသည့် “မြတ်နိုးရခြင်း” မျက်နှာဖုံးကာတွန်း၊ ပိုက်ဆံမရှိသော လူပျိုကြီး ကိုရွှေလုံးအိမ်သို့ သူခိုးလာခိုးပုံကို ဟာသနှော၍ တင်ပြထားသည့် “ကိုရွှေလုံး” နှစ်မျက်နှာကာတွန်း၊ ဖခင်က ပိုက်ဆံကျပျောက်လို့ ခဏခဏရှာနေရင် လူညံ့ပဲဟု ပြောသည်ကို သားဖြစ်သူက ပြန်လည်ဖြေကြားသည်ကို ဟာသဖြစ်ဖွယ် “အတူတူပဲ” တစ်မျက်နှာကာတွန်း၊ အလုပ်မလုပ်ဘဲ ချမ်းသာချင်သော ငပျင်းဆိုသည့် လူငယ်လေးသည် နောက်ဆုံးတွင် နောင်တရ၍ မိမိ၏ လယ်များကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားလုပ်ကိုင်သွားသည့်အကြောင်းကို တင်ဆက်ထားသော “ငပျင်းနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယ” နှစ်မျက်နှာကာတွန်း၊ အပြင်သွားတိုင်း MASK တပ်ရန်နှင့် အပြင်မှ ပြန်လာတိုင်း လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးကြောရန် ဗဟုသုတတိုးပွားရန် စာဖတ်ရမည့်အကြောင်း တင်ဆက်ထားသည့် “မမေ့နဲ့၊ မပေါ့နဲ့” နှစ်မျက်နှာကာတွန်း၊ ဦးလေးဖြစ်သူက ကျောင်းပြေးလားဟု မေးသည့်အခါ ဖြတ်ထိုးဉာဏ်ကောင်းသည့် ပုချို၏ ပြန်ဖြေပုံကို ဟာသဖြစ်ဖွယ် တင်ဆက်ထားသည့် “စဉ်းစားဉာဏ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လသည် ဂြိုဟ်ကြီးတစ်ခုဖြစ်ကာ ကမ္ဘာဂြိုဟ်ထက် များစွာသေးငယ်ပြီး ဆွဲငင်အားနည်းကြောင်း၊ သိပ္ပံပညာရှင်များက စက်ရုပ်ပါသော အာကာသယာဉ်ဖြင့် စတင်စူးစမ်းခဲ့ပြီး လပေါ်သို့ စတင်ခြေချနိုင်ခဲ့သည့်အကြောင်းတို့ကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “စိတ်ဝင်စားစရာ လကမ္ဘာ” သုတကဏ္ဍ၊ မိခင်ကို ယခုထက် ပိုပြီး ပြည့်ပြည့်စုံစုံနှင့် နေစေချင်သောကြောင့် အလုပ်ကို ကြိုးစားလုပ်ကိုင်ရာမှ အောင်မြင်ကြီးပွားသွားသည့် လူငယ်တစ်ဦးအကြောင်းကို ရေးသားထားသည့် “အတတ်ပညာတစ်ခု၏ တန်ဖိုး” ပုံပြင်ကဏ္ဍ၊ သူငယ်ချင်းနှစ်ယောက်အတူတူ သန့်စင်ခန်းသို့သွားသောအခါ တစ်ယောက်က စနောက်ချင်၍ အပြင်မှ ချက်ထိုးခဲ့သဖြင့် ဒုက္ခရောက်ရပုံ၊ အစအနောက်သန်မှု၏ ဆိုးကျိုးဖြစ်ကြောင်းကို ရေးသားထားသည့် “အစအနောက်” ဝတ္ထုတိုကဏ္ဍ၊ လက်နှစ်ဖက်သည် လက်မြှောက်အရှုံးပေးရန် မဟုတ်၊ ခြေနှစ်ချောင်းသည် ဒူးထောက်ရန် မဟုတ်ဘဲ၊ လဲကျလျှင် ပြန်ထ၍ သင်ခန်းစာယူကာ ရှေ့ဆက်ရန်နှင့် လောကဓံကို အရှုံးမပေးဘဲ ရှေ့သို့ ရဲဝံ့စွာ လျှောက်သင့်ကြောင်း လူငယ်များကို စိတ်ဓာတ်ခွန်အားပေးရေးဖွဲ့ထားသည့် “နေ့သစ်များဆီ လျှောက်လှမ်းချီ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

English Daily Conversation ခေါင်းစဉ်အောက်တွင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်တွေ မည်ကဲ့သို့ ဝယ်ရမည်နည်းဆိုသည့်အကြောင်းကို ကျောင်းသူနှစ်ဦး အပြန်အလှန် ပြောဆိုပုံကို အကြောင်းအရာတူသော်လည်း စကားအသုံးအနှုန်းပြောင်းပြီး အဓိပ္ပာယ်တူ ပြောဆိုပုံဖြင့် ရေးသားထားသည့် “ရွှေသွေး
အင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ပုံနှိပ်ရေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman