• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၃ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၉) ထွက်ရှိ

၃ - ၁၂ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၉) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ် နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၉) ၌ ဗျိုင်းတစ်ကောင်သည် ငါးများကို တောအုပ်၏အလယ်မှာရှိသော ‌ရေကန်ကြီးဆီသို့ ပို့ပေးမည်ဟုဆိုကာ လှည့်စားနိုင်ခဲ့သော်လည်း ဉာဏ်ပညာနှင့် ပြည့်စုံသည့် ကဏန်း၏အလှည့်သို့ ‌ရောက်သောအခါ သူ၏ အကြံအစည် မအောင်မြင်ဘဲ ရှုံးနိမ့်ရပုံအကြောင်းကို တင်ဆက်ထားသည့် “ကောက်ကျစ်ခြင်းရဲ့ နိဂုံး” မျက်နှာဖုံးကာတွန်း၊ ကောင်းမှုကုသိုလ်ပြုလုပ်ပါက နတ်ပြည်သို့ ရောက်နိုင်ပြီး ကောင်းမှုကုသိုလ် မလုပ်သော ဦးအောသည် နတ်ပြည်သို့ မ‌ရောက်နိုင်ပုံကို သရုပ်ဖော်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာကာတွန်း၊ ကျောင်းပိတ်ရက်ဖြစ်သော စနေနေ့ကို မေ့လျော့ကာ ကျောင်းသို့စောစောသွားသော ကြယ်စင်လင်းအကြောင်းကို ရေးဖွဲ့ထားသည့် “ကြယ်စင်လင်း” တစ်မျက်နှာကာတွန်း၊ မိမိမှာ ခွန်အားကြီးမားသည်ဆိုပြီး မာန်တက်နေသော ဆင်ကြီးဟာ မုဆိုး၏ ဖမ်းဆီးခြင်းခံရကာ သစ်တုံးများကို သယ်ပေးနေရခြင်းကြောင့် အခြားတိရစ္ဆာန်များက လူတို့ကို လျော့တွက်၍ မရသည့်အကြောင်း တင်ဆက်ထားသည့် “လူဆိုသည်မှာ” နှစ်မျက်နှာကာတွန်း၊ စကားပြောဆိုရာတွင် မြန်မာစကားပုံများကို သင့်လျော်သလို ထည့်သွင်းပြောဆိုထားသည့်အကြောင်း တင်ဆက်ထားသည့် “ကီးကီနှင့် စကားပုံများ” နှစ်မျက်နှာကာတွန်း၊ အလှူမှ ပြန်လာသော ဖိုးတစ်တိုကို အဝတ်အစားကောင်းများ ဝတ်ထားသည်ဟု သူငယ်ချင်းက ပြောသောအခါ ဦးလေးဖြစ်သူ စင်ကာပူမှ ပို့ပေးလိုက်သည့် အဝတ်ဖြစ်ကြောင်း ကြွားပြောလိုက်ပုံကို တင်ဆက်ထားသည့် “ဖိုးတစ်တို” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

လောကကို အလှဆင်ထားသော ပန်းလေးများသည်  ကလေးငယ်များ ဖြစ်ပုံနှင့် မူးယစ်ဆေးဝါးများကို ရှောင်ကြဉ်ကာ မိမိ၏ဘဝရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိရန် ကြိုးစားအားထုတ်သင့်ကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “သားတို့၊ သမီးတို့ရဲ့ အလှ” သုတကဏ္ဍ၊ အသစ်ပြောင်းရွှေ့လာသော ကျောင်းအုပ်ဆရာကြီးကို အထင်မှားမိသော တပည့်တစ်ဦးနှင့်  မိမိကိုယ်ကို အနာခံပြီး ထိုတပည့်ကို ကယ်တင်ခဲ့သည့် ‌ကျောင်းအုပ်ဆရာကြီး၏ ဖြစ်ရပ်၊ ဆရာများသည် တပည့်များအပေါ်၌ နာသုံးနာဖြင့် ဆုံးမသွန်သင်ထားသည့်အကြောင်းကို ရေးသားထားသည့် “အနစ်နာ” ဝတ္ထုကဏ္ဍ၊ သူတစ်ပါးဒုက္ခရောက်အောင် လှည့်ဖြားပြောဆိုတတ်သော ဖားငယ်၊ စိတ်ထားကောင်းသော ဗျိုင်းနှင့် သူတို့နှစ်ဦး၏ စိတ်မှန်သော စိတ်သဘောထားတို့ကို သိရှိသွားသော မိကျောင်းတို့၏အကြောင်းကို ‌ရေးသားထားသည့် “စိတ်ထား” ပုံပြင်ကဏ္ဍ၊ နတ်တော်လတွင် စာဆိုတော်နေ့ကျင်းပပုံ၊ ရာသီပန်းဖြစ်သည့်  သဇင်ပန်းများ ပွင့်လန်းပုံနှင့် မုန့်ဆမ်းကို အုန်းသီးဖြူး၍ စားချင်စဖွယ်ပြုလုပ်ပုံတို့အကြောင်းကို ရေးသားထားသည့်  “နတ်တော်လ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားသည်။Conditional clause ဝါကျဖြစ်သော If နဲ့ ဆက်ထားသည့် ဝါကျများကို ဥပမာပေး၍ ရေးသားထားပြီး သင်ခန်းစာများကို လေ့လာနိုင်မည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာကဏ္ဍ တို့ကို  လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။ 

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
‘ရောင်နီသန်းချိန် ပန်းပွင့်ချိန်’
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေဗိမာန်
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ရွှေသွေး
  • စာအုပ်များ
  • သုတပဒေသာစာစောင်
  • ပြည်သူ့လက်စွဲစာစဉ်
  • အခမ်းအနားများ
  • ပုံနှိပ်ရေး
  • စာပေရေချမ်းစင်
books
  • ၁၉-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အမှတ် (၅၇)၊ အတွဲ (၁၆) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ၁၂-၄-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၅) e-book စာစောင်ထွက်ရှိ

    14-May-2025
  • ¬၁၀ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၁၉) ထွက်ရှိ

    09-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman