• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၂ - ၁၁ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၆) ထွက်ရှိ

၁၂ - ၁၁ - ၂၀၂၂ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၄)၊ အမှတ် (၄၆) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ(၅၄)၊ အမှတ်(၄၆) ၌ ဗြိတိသျှပညာရေးမင်းကြီး၏  အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားများက လက်မခံ၍ သပိတ်မှောက် ကန့်ကွက်ဆန္ဒပြခဲ့သောနေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ထားသည့်အကြောင်း တက်ဆက်ထားသည့် “ဖိုးအေး သိလိုက်ရသော အမျိုးသားနေ့” မျက်နှာဖုံးကာတွန်း၊ ပန်းသီးတစ်လုံးအတွက် အငြင်းမပွားကြဘဲ အားလုံး ညီတူညီမျှဖြစ်စေရန်  ဖြူကောင်က ခွဲဝေပေးပုံအ‌ကြောင်း ရေးဖွဲ့ထားသည့် “ညီတူမျှတ”နှစ်မျက်နှာကာတွန်း၊ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အရန် ဘောလုံးကောက်အဖြစ် ရွေးချယ်ခံရသည့်အကြောင်းကို ရန်ပိုင်စိုးက ဦးလေးဖြစ်သူအား ဂုဏ်ယူစွာပြောသည့်အကြောင်းကို တင်ဆက်ထားသည့် “ရန်ပိုင်စိုး” တစ်မျက်နှာကာတွန်း၊ ရွာသားတစ်ယောက်သည် မြို့မှ ပြန်လာရာ လမ်းတွင် မော၍ ရေဆာသဖြင့် အရိပ်ရသော သစ်ပင်ကြီး၏အောက်တွင် နားနေပြီး ‌သောက်ရေအိုးစင်က ရေကို ယူသောက်ပြီးနောက် ထိုသစ်ပင်ကြီး၏ အကိုင်း၊ အခက်များကို ခုတ်၍ သယ်ဆောင်သွားသည့်အပြင် သောက်ရေအိုးကိုပါ ယူသွားသည့်အကြောင်း ‌ရေးဖွဲ့ထားသည့် “အရိပ်နေနေ၊ အခက်ချိုးချိုး” နှစ်မျက်နှာကာတွန်း၊ ဉာဏ်စမ်းမေးခွန်းသုံးခုကို ဦးကေဂျီးအား မေးမြန်းထားသည့်အကြောင်းကို တင်ဆက်ထားသည့် “အိမ့်နှစ်” နှစ်မျက်နှာကာတွန်း၊ ဆရာမက သူ့တပည့်များအား သဘာဝအသံ မဟုတ်ဘဲ လူတို့ပြုလုပ်သော အသံများအကြောင်းကို မေးမြန်းသည့်အခါ လင်းသစ်က ပြန်လည်ဖြေကြားသည့်အကြောင်းကို တင်ဆက်ထားသည့် “လင်းသစ်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ဆေးပညာရပ်တွင် အသိပညာနှင့် အတတ်ပညာရပ်တို့ပါရှိပြီး လူ့အသက်များကို ကယ်တင်ခြင်း၊ ဆင်းရဲဒုက္ခရောက်မှုကို သက်သာစေခြင်း၊ ဖျားနာနေသော လူနာများ၏ စိတ်ပူပင်ဆင်းရဲမှုကို လျော့နည်းစေခြင်းစသော မွန်မြတ်သည့် ရည်ရွယ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အကြောင်းကို ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “လေ့လာစရာ ဆေးပညာရပ်ဆိုတာ” သုတကဏ္ဍ၊ ထွန်းတောက်သည် မိခင်၏ ဆိုဆုံးမှုကို အမြဲနားထောင်ပြီး သူတစ်ပါးပစ္စည်းကို ကောက်ရသော်လည်း မယူဘဲ ရိုးသားစွာဖြင့် ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံပေးခဲ့သောကြောင့် သူ့ကို အမွေစား၊ အမွေခံ သားအဖြစ် မွေးစားခဲ့သည့်အကြောင်း ရေးသားထားသည့်  “ရိုးသားမှုရဲ့ ရလဒ်”  ဝတ္ထုကဏ္ဍ၊ ကြောင်ကြီး၏ လက်သည်းကြောင့် အိမ်မြှောင်လေး၏ အမြီးပြတ်သွား၍ အခြားတိရစ္ဆာန်များ၏ အမြီးကို လိုက်လံတောင်းသော်လည်း မရသည့်အကြောင်းကို မိခင်ဖြစ်သူအား ပြောပြသည့်အခါ မိမိ၏ အမြီးကသာလျှင် အကောင်းဆုံးဖြစ်ကြောင်း ရေးသားထားသည့် “အမြီးမရှိတော့တဲ့ အိမ်မြှောင်လေး” ပုံပြင်ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် မြန်မာစာပေ၊ မြန်မာစကားကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ဘိုးဘွားအမွေနှစ်ဖြစ်သော မြန်မာပြည်ကို ချစ်မြတ်နိုးရန်၊ ကျွန်ခေတ်ပညာရေးစနစ်ကို လက်မခံဘဲ ကျောင်းသားများ သပိတ်
မှောက်ခဲ့သည့် အမျိုးသားနေ့ကို ဂုဏ်ပြုရေးဖွဲ့ထားသည့် “အမျိုးသားနေ့ တို့မမေ့” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

အင်္ဂလိပ်စာသင်ခန်းစာအနေဖြင့် တစ်နေ့တာရဲ့ ရာသီဥတုအကြောင်းကို  ပြောဆိုသည့်အခါ အကြောင်းအရာ တစ်ခုတည်းဖြစ်သော်လည်း  အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုပုံကို လေ့လာနိုင်မည့် ဆရာ KML ၏ “ရွှေသွေးစကားဝိုင်း” အင်္ဂလိပ်စာကဏ္ဍ အင်္ဂလိပ်စာကဏ္ဍတို့ကို  လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။ 

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက    တစ်စောင်လျှင်   ၄၀၀  ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု ၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊  ရန်ကုန်မြို့။  ဖုန်း- ၀၁- ၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
ပခုက္ကူစာပေဆုရ စာအုပ်ဖြန့်ချိရောင်းချ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ပခုက္ကူစာပေ ဆု၊  ကျမ်းစာပေ ပထမဆုရရှိသည့် စာရေးဆရာ ကိုတိုး (ရန်ကင်း)၏  ‘ကုန်းဘောင်ခေတ်စာဆို လက်ဝဲသုန္ဒရ၏ ဘဝနှင့် စာပေ’စာအုပ်ကို ဖြန့်ချိ ရောင်းချ
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • အရောင်းဌာန
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေဗိမာန်
  • စာအုပ်များ
  • ပြိုင်ပွဲများ
  • သုတပဒေသာစာစောင်
  • အခမ်းအနားများ
  • စာပေရေချမ်းစင်
  • ပုံနှိပ်ရေး
books
  • ၃၁-၅-၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) e-book ထွက်ရှိ

    02-Jun-2025
  • ၃၁ - ၅ - ၂၀၂၅ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၇)၊ အမှတ် (၂၂) ထွက်ရှိ

    30-May-2025
  • ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်ထုတ် အတွဲ (၇၈)၊ အမှတ် (၂၂) ပြန်တမ်းစာစောင်ကို စာပေဗိမာန် စာအုပ်အရောင်းဆိုင်များမှ တစ်ဆင့် စတင်ဖြန့်ချိ

    29-May-2025
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2025 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman