• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂)နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်းထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)၌  သူတစ်ပါးအပေါ် မနာလိုစိတ်ဝင်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် မာန်တက်မိသွားသော မီးလုံးလေးသည် နောက်ဆုံးတွင် အမှိုက်ခြင်းတောင်းထဲ ရောက်သွားသည့်အကြောင်းကို သရုပ်ဖော်ထားသည့် “မာန်တက်မိတဲ့ မီးလုံးလေး” မျက်နှာဖုံး ကာတွန်း၊ ကျောင်းဆရာဦးအောင်ကြီးကြောင့် သရဲဘဝမှ ဝက်ဖြစ်သွားသည့်ရအကြောင်းကို သရုပ်ဖော်ထားသည့် “ဝက်ဖြစ်သွားတဲ့ သရဲ” နှစ်မျက်နှာကာတွန်း၊ မိခင်ကို မကူညီချင်သည့် ဖိုးတစ်တိုကို ပညာပေးဆုံးမလိုက်သည့် သူ၏ မိခင်အကြောင်းကို သရုပ်ဖော်ထားသည့် “ဖိုးတစ်တို” တစ်မျက်နှာကာတွန်း၊ စာဖတ်ဝါသနာပါသော အစ်ကိုဖြိုးရဲနှင့် ဉာဏ်များသော ညီလေး လင်းထက်တို့ နှစ်ယောက်အကြောင်းကို သရုပ်ဖော်ထားသည့် “ဖြိုးရဲနှင့် လင်းထက်” နှစ်မျက်နှာကာတွန်း၊ အပြစ်ရှိသည်ကို ဝန်ခံသည့် မြဂျိုးကို ခွင့်လွှတ်သော်လည်း အပြစ် လွတ်အောင် မျက်နှာချိုသွေးသည့်အတွက် ဒေါသဖြစ်သွားသော သူ့၏အမေတို့အကြောင်းကို သရုပ်ဖော်ထားသည့် “မြဂျိုး- စကားအလိမ္မာ” နှစ် မျက်နှာကာတွန်းနှင့် ပိုင်ပိုင်လေးသည် ကြောင်လေး၏ အသက်ကို ကယ်တင်ခဲ့သော်လည်း သူ၏ လုပ်ရပ်အမှန်ကို သိရှိသွား၍ ဒေါသ ဖြစ်သွားသော မိခင်ကြီးတို့အကြောင်းကို သရုပ်ဖော် ထားသည့် “ကယ်တင်ရှင်” မျက်နှာဝက် ကာတွန်းတို့ကို တင်ဆက်ထားပါသည်။

ကလေးတို့ အယ်ထရာဆောင်း စတင်တီထွင်ပုံနှင့် အသုံးပြုပုံအကြောင်းကို ဗဟုသုတရရှိစေရန် ရေးသားထားသည့် “အယ်ထရာဆောင်း နည်းပညာ” သုတဆောင်းပါးကဏ္ဍ၊ ကလေးတို့ ပေးပို့သော ပန်းချီလက်ရာများကို ဖော်ပြပေးထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ မောင်ဆုထိုက်အောင်၏ အဖေနှင့် ဆရာတို့သည် “ဒုန်း... ဒုန်း” ဆိုသော အသံ၏ အဖြေမှန်ကို သိရှိသွားသည့်အကြောင်း ရေးသားထားသည့် “တစ္ဆေဒုန်း... ဒုန်း အဖေပြုံး” ဝတ္ထုကဏ္ဍ၊ ရိုးသားပြီး သည်းခံစိတ်ရှိသည့် ကောင်မလေးကို ရိုးသားမှု၏ ဆုလာဘ်အဖြစ် ရွှေဒင်္ဂါးပြားများ ပေးအပ်လိုက်သည့် မြေပိုင်ရှင်ကြီးအကြောင်း ရေးသားထားသည့် “ရိုးသားမှု၏ ဆုလာဘ်” ဝတ္ထုကဏ္ဍ၊ ငလျင်အန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်ရန်နှင့် အရေးပေါ်လိုက်နာ ဆောင်ရွက်ရမည့် အချက်များ ပါဝင်သည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် လူနာများကို စေတနာဖြင့် ဆေးကုပေးသည့် ဆရာဝန်ကြီး ဖြစ်လိုသောဆန္ဒနှင့် စာကြိုးစားမည့် ကလေးတစ်ဦးအကြောင်း ရေးဖွဲ့ထားသည့် “သားသားဆန္ဒ” ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာမူများ
  • ပုံနှိပ်ရေး
books
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman