• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁- ၈- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၁)ထွက်ရှိ

၁- ၈- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၁)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၁)၌ အလွန်ကပ်စေးနှဲသော သူဌေးကြီးသည် သားဖြစ်သူ၏ တရားပြမှုဖြင့် အမြင်မှန်ရသွားကာ နှမြောတွန့်တိုမှု မရှိတော့ဘဲ အလှူအတန်းများ ပေး၍ သီလဆောက်တည် နေထိုင်သွားပုံအကြောင်း သရုပ်ဖော်ထားသည့် “ကပ်စေးနှဲသူ” မျက်နှာဖုံးကာတွန်း၊ စာဖတ်ခြင်း၏ အကျိုးကြောင့် ဉာဏ်ပညာရှိလာပုံအကြောင်း သရုပ်ဖော်ထားသည့် “လုံးလုံးနှင့် ဖီနိုး ပါဝင်သည့် ဉာဏ်သုံးလို့” နှစ်မျက်နှာကာတွန်း၊ သူတစ်ပါးအပေါ် ကောက်ကျစ်စဉ်းလဲ၍ လိမ်ညာစားတတ်သော မြေခွေးအကြောင်း  သရုပ်ဖော်ထားသည့် “မြေခွေးနဲ့ ကျီးကန်း” နှစ်မျက်နှာကာတွန်း၊ ဖျားနေသူကို ကျွေးသည့် စားစရာများကို စားချင်သောကြောင့် ဉာဏ်ဆင်ခဲ့သည့် လင်းသုတအကြောင်း သရုပ်ဖော်ထားသည့် “လင်းသုတ” နှစ်မျက်နှာကာတွန်း၊ လပတ်စာမေးပွဲတွင် သင်္ချာ ဘဲဥရသည့် ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာဟာသကာတွန်းနှင့် ‘ဦးဦး တစ်ယောက်က ဘောလုံးကို ပြန်မပေးဘဲ ယူထားသည်’ ဆိုသော ဘယ်ကျော်အကြောင်း သရုပ်ဖော်ထားသည့် “ဘယ်ကျော်” မျက်နှာဝက်ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။

သုတကဏ္ဍအနေဖြင့် သရက်သီး မစားမီ သရက်သီး၏ အစေးကို စနစ်တကျ ဖယ်ရှားပြီးမှ စားသုံးသင့်ကြောင်း ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍတွင် အချင်းချင်း လက်တွဲ ပူးပေါင်းဆောင်ရွက်ပါက ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိနိုင်ပုံအကြောင်း ဖတ်ရှုရမည်ဖြစ်ပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် ပုစဉ်းလေးများ၏ လူသားများအပေါ် အကျိုးပြုမှုကို သိရှိပြီး သူတို့အပေါ် သနားကရုဏာသက်မိသော ပေတိုးနှင့် သူငယ်ချင်းဖြစ်သူတို့အကြောင်း တင်ဆက်ထားပါသည်။ ထို့ပြင် ကလေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍနှင့် ပန်းပေါင်းစုံတို့၏ ရနံ့ထက် ရင်သွေးငယ်၏ ပါးက ပိုမွှေးသည့်အကြောင်း ရေးစပ်ထားသည့် ဆရာမ ရွှေမြိုင်ပြုံးလဲ့မော်၏ “မေမေ့အဖြေ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အီဒီယမ်များအပြင် Two-word Verb  ဟုခေါ်သော  Phrasal Verb များအကြောင်း ကလေးတို့ လေ့လာမှတ်သားနိုင်မည် ဖြစ်ပါသည်။
 
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။   

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာမူများ
  • ပုံနှိပ်ရေး
books
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman