• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
­၂၅ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၀) ထွက်ရှိ

­၂၅ - ၇ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၀) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ်(၃၀)၌ အများကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့ပါက ယခုဘဝတွင် ကောင်းကျိုးများ ရရှိနိုင် ရုံသာမက နောင်ဘဝအတွက်ပါ ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပုံကို သရုပ်ဖော်ထားသည့် “မာဃလုလင် လမ်းများပြင်၍” မျက်နှာဖုံးကာတွန်း၊ မိဘများ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး ဘီလူးကြီး၏ ဖမ်းဆီးမှုကို ခံခဲ့ရ သော်လည်း အသိဉာဏ်ဗဟုသုတကြွယ်ဝသည့် မင်းသမီးလေးနှင့် တွေ့ရှိခဲ့ရ၍ အသက်ဘေးမှ လွတ်မြောက်ခဲ့ရသော ငလက်မလေးအကြောင်းကို သရုပ်ဖော်ထားသည့် “ငလက်မ” နှစ်မျက်နှာကာတွန်း၊ အစာကို အလွန်အကျွံစား၍ ဆေးရုံရောက်ခဲ့ရသော ထူးထူးအကြောင်းကို သရုပ်ဖော်ထားသည့် “အစား မက်တဲ့ ထူးထူး” နှစ်မျက်နှာကာတွန်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချခဲ့သောကြောင့် စာမေးပွဲကို ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်ခဲ့သည့် ဖီနိုးအကြောင်းကို သရုပ်ဖော်ထားသည့် “နောင်တဆိုသည်မှာ” နှစ်မျက်နှာကာတွန်း၊ အစားအစာများကို အချိန်မီစုဆောင်းမထားမိ၍ မိုးရွာချိန်၌ အစာအခက်အခဲဖြစ်ခဲ့ရ သည့် ယုန်လေးတစ်ကောင်အကြောင်းကို သရုပ်ဖော်ထားသည့် “ယုန်ငပျင်း” တစ်မျက်နှာကာတွန်းနှင့် စိတ်ကောင်းစေတနာရှိသော လွင်အောင်အကြောင်းကို သရုပ်ဖော်ထားသည့် “လွင်အောင် ပါဝင်သော မျက်မှန်” မျက်နှာဝက်ကာတွန်းတို့ ပါဝင်ပါသည်။

ကမ္ဘာပေါ်ရှိ သက်ရှိသတ္တဝါများအတွက် နေရောင်ခြည်၏ အသုံးဝင်ပုံများကို ဗဟုသုတရဖွယ် ရေးသားထားသည့် “နေရောင်ခြည်၏ အသုံးဝင်ပုံ” သုတဆောင်းပါးကဏ္ဍ၊ ပြဿနာတစ်ခုခုနှင့် ကြုံတွေ့ရ ပါက အသိဉာဏ်ဖြင့် စဉ်းစားတွေးခေါ်ကာ ညင်သာစွာ ဖြေရှင်းတတ်စေရန် ပညာပေး ရေးသားထားသည့် “ရင်ဆိုင်ကျော်လွှား အခက်အခဲများ” ဝတ္ထုနှင့် မိခင်၏ ကျေးဇူးကိုသိတတ်၍ ထူးဆန်းသော သစ်သီးမှည့်တို့ကို ခူးဆွတ်ခွင့်ရခဲ့သော မျောက်ညိုလေးအကြောင်းကို ရေးသားထားသည့် “မျောက်ညိုလေးနဲ့ သစ်သီး” ပုံပြင်တို့ ပါဝင်ပါသည်။ ထို့ပြင်  ငလျင်အန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်စေ ရန်နှင့် အရေးပေါ် လိုက်နာဆောင်ရွက်ရမည့် အချက်များပါဝင်သည့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်ကဏ္ဍနှင့် မိမိပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြု‌ ဆောင်ရွက်ပါက ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေကြောင်း သီကုံးရေးဖွဲ့ထားသည့် “ပတ်ဝန်းကျင် သန့်ရှင်းရေး” ကဗျာနှင့် ဝါဆိုလတွင် ပွင့်သော ပန်းများနှင့် ရာသီဓလေ့တို့အကြောင်းကို သီကုံးရေးဖွဲ့ထားသည့် “လဝါဆို” ကဗျာတို့ ပါဝင်ပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် အဝတ်လျှော်ဆိုင်တွင် အဝတ်လာလျှော်သည့်အကြောင်းကို အဝတ်လာလျှော်သူအချင်းချင်း  ပြောဆိုပုံကို ပုံစံအမျိုးမျိုးဖြင့် ရေးသားထားသည်ကို လေ့လာနိုင်မည် ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊     ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာပေရေချမ်းစင်
  • အခမ်းအနားများ
  • ပြိုင်ပွဲများ
  • ရွှေသွေး
  • ပြည်သူ့လက်စွဲစာစဉ်
  • စာအုပ်များ
  • စာကြည့်တိုက်
  • သုတပဒေသာစာစောင်
  • စာမူများ
  • ပုံနှိပ်ရေး
books
  • ၈-၈-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၂)ထွက်ရှိ

    07-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်ထုတ် အတွဲ (၇၉)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ်အရောင်းဆိုင် များမှတစ်ဆင့် စတင်ဖြန့်ချိ

    03-Aug-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman