• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၂၅-၄- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၇) ထွက်ရှိ

၂၅-၄- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၇) ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်နှင့် အောက်ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေး ဂျာနယ် အတွဲ(၅၈)၊ အမှတ်(၁၇) တွင်  မြန်မာ့သိုင်းပညာကို အသုံးပြု၍ ပစ္စည်းလုယက်သူတို့ကို ဖမ်းဆီးပေးနိုင်ခဲ့သည့် ရွှေပိုးအကြောင်းကို သရုပ်ဖော်ထားသည့် “ရွှေပိုးနှင့် ကိုယ်ခံပညာ” မျက်နှာဖုံး ကာတွန်း၊ မမပန်ပန်၏ ဆိုဆုံးမမှုကြောင့် စာကြည့်တိုက်သို့ စာဖတ်ရန်သွားမည့် မြဂျိုးတို့အကြောင်း သရုပ်ဖော်ထားသည့် “မြဂျိုးနဲ့ ပန်ပန်” နှစ်မျက်နှာကာတွန်း၊ ထူးထူး၏ ဘောလုံးလေ့ကျင့်မှုကြောင့် ပြတင်းပေါက်မှန်ကွဲသွားသဖြင့် ဘောလုံး ချန်ပီယံမှ  အပြေးချန်ပီယံ ဖြစ်သွားရသည့်အကြောင်း သရုပ်ဖော်ထားသည့် “ထူးထူးပါဝင်သော အပြေးချန်ပီယံ” တစ်မျက်နှာကာတွန်း၊ ဖြိုးရဲ၏ ဘောလုံး ကန်ချက်ကြောင့် သူ၏ အမေကို မတော်တဆ ထိမှန်သွားသည့်အကြောင်း သရုပ်ဖော်ထားသည့် “ဖြိုးရဲ ၏ လေ့ကျင့်ခန်း” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းများ၏ စေတနာကို စော်ကားမိသည့်အတွက် ဘေးအန္တရာယ်ကျရောက်တော့မည့် ကျောင်းသူလေး ပိုပိုမအကြောင်း သရုပ်ဖော်ထားသည့် “ပိုပိုမ ပါဝင်သော ရွှေလက်စွပ်” နှစ်မျက်နှာကာတွန်းနှင့် မြန်မာဗျည်းအက္ခရာများကို သင်ကြားပေးသည့် ဆရာမနှင့် ကျောင်းသားလေး မောင်တာတီးတို့၏ ဗျည်းအရေအတွက်နှင့် ပတ်သက်၍ အမေးအဖြေ ပြုလုပ်ပုံကို သရုပ်ဖော်ထားသည့် “တာတီးနဲ့ ဗျည်း” မျက်နှာဝက်ကာတွန်းကဏ္ဍတို့ကို တင်ဆက်ထားပါသည်။

ဆာဟာရသဲကန္တာရအကြောင်း ဗဟုသုတစုံလင်စွာ ရေးသားထားသည့် “ကမ္ဘာ့အကြီးဆုံး ဆာဟာရသဲကန္တာရ” သုတဆောင်းပါးကဏ္ဍ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များကို ဖော်ပြ ထားသည့် “ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေး နှိုးဆော်ချက်” ကဏ္ဍ၊ လူကြီးမိဘများ၏ စကားကို ဆုံးအောင် နားမထောင်မိသည့်အတွက် ဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် မောင်အောင်အကြောင်း ရေးသားထားသည့် “သက်ကြီးစကား” ဝတ္ထုကဏ္ဍ၊ သူရင်း ငှားအလုပ်ကို ရိုးရိုးသားသားဖြင့် ကြိုးစားလုပ်ကိုင်သော ညီငယ်လေးကြောင့် အစ်ကိုနှစ်ယောက်နှင့် ပြန်လည်ဆုံဆည်းခွင့်ရပုံကို ရေးသားထားသည့် “ညီအစ်ကိုသုံးယောက်နှင့် ဝါသနာ” ပုံပြင်ကဏ္ဍ၊ ကလေးတို့အနေဖြင့် ee နှင့် ဆုံးသည့်စကားလုံးများကို တွေးဆလေ့ကျင့်နိုင်မည့် “ဉာဏ်စမ်း” ကဏ္ဍနှင့် မြန်မာနိုင်ငံတွင် အလုပ်သမားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို ကလေးများ၏ စိတ်တွင် အလွယ်တကူ မှတ်သားနိုင်ရန် ရေးဖွဲ့ထားသည့် “အလုပ်သမားနေ့ကဗျာကဏ္ဍတို့ကို တင်ဆက်ထားပါသည်။ အင်္ဂလိပ်စကားပြောဆိုရာတွင် သဘာဝကျနစွာ ပြောဆိုလေ့လာနိုင်မည့် “အခြေခံလိုအပ်သည့် အီဒီယမ်” ကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဏ္ဍစုံလင်စွာ ထွက်ရှိပြီ ဖြစ်ပါသည်။

ရွှေသွေးဂျာနယ်ကို   ကိုယ်စားလှယ်အဖြစ်   မှာယူဖြန့်ချိလိုပါက   တစ်စောင်လျှင်   ၄၀၀ ကျပ်နှုန်း ဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း- ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“ပထမဥပဒေသနှင့် အာရှလူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • အခမ်းအနားများ
  • စာကြည့်တိုက်
  • ရွှေသွေး
  • စာပေဗိမာန်
  • စာအုပ်များ
  • ပြည်သူ့လက်စွဲစာစဉ်
  • စာပေရေချမ်းစင်
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • ပြိုင်ပွဲများ
books
  • ၂ - ၅ - ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၈) e-book ထွက်ရှိ

    08-May-2026
  • ၉- ၅- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၁၉)ထွက်ရှိ

    08-May-2026
  • စာပေဗိမာန်စာမူဆုရ စာအုပ်ဖြန့်ချိရောင်းချ

    28-Apr-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman