• ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
Sign In
sarpaybeikman
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • စာပေဗိမာန်
    • စွယ်စုံကျမ်း
    • ပြည်သူ့လက်စွဲစာစဉ်
    • ရွှေသွေးဂျာနယ်
    • သုတပဒေသာစာစောင်
    • စာပေရေချမ်းစင်
    • ပြန်တမ်းများ
    • သမိုင်းအကျဉ်း
  • စာအုပ်စာစောင်များ
    • အသစ်ထွက်ရှိသောစာအုပ်များ
    • လစဉ်ပေးပို့သောစာအုပ်များ
    • စာပေဆုရစာအုပ်များ
  • စာကြည့်တိုက်များ
    • ပြည်သူ့စာကြည့်တိုက်
    • ရည်ညွှန်းစာကြည့်တိုက်
    • ကလေးစာကြည့်တိုက်
  • စာအုပ်အရောင်းဆိုင်
  • စာပေဖွံ့ဖြိုးရေး

ရွှေသွေးဂျာနယ်

  1. ပင်မစာမျက်နှာ
  2. စာပေဗိမာန်ထုတ် စာအုပ်များ
  3. ရွှေသွေးဂျာနယ်
၁၂- ၉- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၇)ထွက်ရှိ

၁၂- ၉- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၇)ထွက်ရှိ

တန်ဖိုး - ၄၀၀ကျပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၇)၌ သူငယ်ချင်းကို စိတ်ရင်းဖြင့် ကူညီတတ်သူ ပုပုနှင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းကောင်းများအကြောင်း သရုပ်ဖော်ထားသည့် “ပုပုပါဝင်သည့် အတွင်းစိတ်” မျက်နှာဖုံးကာတွန်း၊ လေးခွပစ်ရာတွင် လက်တည့်ကြောင်း သူငယ်ချင်းများကို ပြချင်သော ပါဂျဲနှင့် သူ၏ သူငယ်ချင်းများအကြောင်း သရုပ်ဖော်ထားသည့် “ရာဇာ၊ ပါဂျဲ၊ ပုကွနှင့် စိမ်းလဲ့ ပါဝင်သော လက်တည့်လွန်းလို့” နှစ်မျက်နှာကာတွန်း၊ သူငယ်ချင်းဖြစ်သူ သာလှနှင့် ဖခင်တို့၏ တိုက်တွန်းမှုကြောင့် ပညာတတ် တစ်ဦးဖြစ်အောင် စာကို ကြိုးစားတော့မည်ဆိုသော အောင်ဘုအကြောင်း သရုပ်ဖော်ထားသည့် “ပညာတန်ဖိုး” နှစ်မျက်နှာကာတွန်း၊ လောဘကြီး၍ တစ်ကိုယ်ကောင်းစိတ်ထားရှိပါက ကောင်းကျိုး များ ပျောက်ကွယ်သွားတတ်ပုံကို သရုပ်ဖော်ထားသည့် “မှော်ရေကန်” နှစ်မျက်နှာ ကာတွန်း၊ အဘွားဖြစ်သူထံမှ ထဘီလေး တောင်းယူသည့် ဟန်သီမအကြောင်း သရုပ်ဖော်ထားသည့် “ဟန်သီမ” တစ်မျက်နှာ ဟာသကာတွန်းနှင့် ချောကလက်ကိတ်နှင့် နွားနို့ကို တစ်ဝက်စီ ဝေစားကြမည်ဆိုသော သူငယ်ချင်းနှစ်ဦးအကြောင်း သရုပ်ဖော်ထားသည့်  “ဘယ်ကျော်” မျက်နှာဝက် ဟာသကာတွန်းတို့ကို တင်ဆက်ထားပါသည်။
 
သုတကဏ္ဍအနေဖြင့် ခေတ်အဆက်ဆက် တိုးတက်လာသည့် အချိန်တိုင်းတာနည်းများ အကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားပါသည်။ ပုံပြင်ကဏ္ဍတွင် ကျေးဇူးရှင်ကို ကျေးဇူးကန်းမိ  ရာက နူနာရောဂါဖြင့် ဘဝကို အဆုံးသတ်သွားရသော မုဆိုးတစ်ယောက်အကြောင်း ရေးသားထားပါသည်။ ဝတ္ထုကဏ္ဍအနေဖြင့် စာကြိုးစားမှုရှိရုံသာမက စည်းကမ်းလိုက်နာမှု၊ ရိုးသားမှု၊ တာဝန် သိတတ်မှု စသည်တို့ဖြင့် ပြည့်စုံသော ဆဋ္ဌမတန်းကျောင်းသူ မသန်းသန်းဝင်းအကြောင်း ဖတ်ရှုရမည် ဖြစ်ပါသည်။ ထို့ပြင် ‘ဆိုခဲစေ မြဲစေ’ ဆိုသည့် မြန်မာစကားပုံ၏ အသုံးပြုပုံကို ရှင်းလင်း တင်ပြထားသည့်  “ရွှေသွေးတို့အတွက် မြန်မာစကားပုံများ” ကဏ္ဍ၊ ငယ်ရွယ်စဉ် ပညာသင်ချိန်ကစ၍ ကြိုးကြိုးစားစားဖြင့် ပညာသင်ကြားပါက တစ်နေ့တွင် အောင်မြင်မှုရရှိမည်မှာ သေချာကြောင်း ရေးစပ်ထားသည့် ဆရာမ ရွှေမြိုင်ပြုံးလဲ့မော်၏ “သာသူ” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍတွင် အီဒီယမ်များအပြင် Two-word Verb  ဟုခေါ်သော  Phrasal Verb များအကြောင်း ကလေးတို့ လေ့လာ မှတ်သားနိုင်မည် ဖြစ်ပါသည်။
 
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ် မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။  
ဆက်စပ် စာအုပ်များ
အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၃၀)၊ ၂၃-၇-၂၀၁၆ ရက်ထုတ်စာစောင်

 အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

အတွဲ (၄၈)၊ အမှတ် (၂၉)၊ ၁၆-၇-၂၀၁၆ ရက်ထုတ်စာစောင်

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

(၂၉-၁၀-၂၀၁၆) ရက်ထုတ် ရွှေသွေး အတွဲ ၄၈၊ အမှတ် ၄၄ ထွက်ရှိ

ရွှေသွေးဂျာနယ်အကြောင်း
ရွှေသွေးဂျာနယ်အကြောင်း

ရွှေသွေးဂျာနယ်အကြောင်း

စာအုပ်အရောင်းဆိုင်

စာအုပ်အရောင်းဆိုင်

အသစ်ထွက်ရှိသောစာအုပ်များ
“စာရူးပေရူးမလေးနှင့် လူငယ်ဝတ္ထုတိုများ”
လစဉ်ပေးပို့သောစာအုပ်များ
book Title
  • popular
  • စာပေဗိမာန် ၆၉နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

    27-Sep-2016
  • စာပေဗိမာန်စာအုပ်ဆိုင်များတွင် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင် ရောင်းချ

    27-Sep-2016
  • စာပေဗိမာန် က ကြီးမှူး၍ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

    27-Sep-2016
  • ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွှန်ချက်အရ ၂၀၁၅ ခုနှစ်အတွက် အမျိုးသားစာပေဆု ရွေးချယ်နိုင်ရေး ဖတ်ရှုစိစစ်ရမည့် စာအုပ်များ ထပ်မံ လက်ခံလျက်ရှိ

    28-Sep-2016
  • နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနှင့် မိုးရာသီစာအုပ် ဈေးရောင်းပွဲတော် ဆောင်ရွက် ပြီးစီးမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေး

    18-Aug-2016
  • ၂၀၁၇ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

    08-Dec-2018
ဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
အမျိူးသားစာပေဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
စာပေဗိမာန်ဆုရစာအုပ်များ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
ပခုက္ကူဦးအုန်းဖေစာပေဆုရစာမူများ
စာပေဖွံ့ဖြိုးရေး

မြန်မာစာပေဖွံ့ဖြိုးရေးကို ရှေးရှု၍ စာပေနှီးနှောဖလှယ်ပွဲများနှင့် စာတမ်း ဖတ်ပွဲများကို ၁၉၆၅ခုနှစ်မှစ၍ကျင်းပခဲ့သည်။ ၂၀၀၀ပြည့်နှစ် ဇွန်လ(၁၉)ရက်မှ (၂၀)ရက်အထိကျင်းပပြုလုပ်ခဲ့ပါသည်။ စာပေစာတမ်းဖတ်ပွဲအထိ စာပေနှီးနှောဖလှယ်ပွဲနှင့် စာတမ်းဖတ်ပွဲပေါင်း (၂၄) ကြိမ် ကျင်းပခဲ့သည်။

ဆက်ဖတ်ရန်
စာပေဗိမာန်

၁၉၄၇ ခုနှစ်၊ ဇွန်လ ၇ ရက်တွင် ရန်ကုန်မြို့၊ ပြည်လမ်း၊ အမှတ် ၃၆၁ ရှိ ဆိုရန်တိုဗီလာ (Sorrentovilla) အဆောက်အဦ၌ လွပ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ဗိုလ်ချူပ်အောင်ဆန်းခေါင်းဆောင်၍ “ပြည်ထောင်စုမြန်မာနိုင်ငံတော် စီးပွားရေးအတွက် နှစ်နှစ်စီမံကိန်း (ဆိုရန်တိုဗီလာစီမံကိန်း) ရေးဆွဲရေး” ကွန်ဖရင့်တစ်ခု ကျင်းပခဲ့ပါသည်။

popular tags
  • စာကြည့်တိုက်
  • စာမူများ
  • ပြိုင်ပွဲများ
  • ပြည်သူ့လက်စွဲစာစဉ်
  • အရောင်းဌာန
  • သုတပဒေသာစာစောင်
  • ပုံနှိပ်ရေး
  • စာပေဗိမာန်
  • ရွှေသွေး
  • စာပေရေချမ်းစင်
books
  • ၁၉-၉-၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၈)ထွက်ရှိ

    18-Sep-2026
  • သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် ရောင်းချ

    15-Sep-2026
  • ၁၂- ၉- ၂၀၂၆ ရက်ထုတ် ရွှေသွေးဂျာနယ် အတွဲ (၅၈)၊ အမှတ် (၃၇)ထွက်ရှိ

    14-Sep-2026
  • ပင်မစာမျက်နှာ
  • သတင်းကဏ္ဍ
  • ဓာတ်ပုံကဏ္ဍ
  • သမိုင်းအကျဉ်း
  • စာပေဗိမာန်ထုတ် စာအုပ်များ
  • စာအုပ်အရောင်းဆိုင်
© 2026 Sarpay Beikman - ALL RIGHTS RESERVED

Powered By Sarpaybeikman