ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်ရုံးသည် အသက် (၁၂) နှစ်အောက် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ ရွှေသွေးဂျာနယ်ကို အပတ်စဉ် စနေနေ့ တိုင်း ထုတ်ဝေလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် (စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅)၊ အမှတ် (၅၂)၌ ကိုယ်တိုင် အပင်ပန်းခံပြီး တန်ဖိုးထားစိုက်ပျိုး၍ ရရှိလာသည့် အသီးအနှံများကို မခူးရက်ဘဲ နှမြောစိတ် ဝင်နေမိသော ပုပုတို့ သူငယ်ချင်းတစ်စု အကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် ကိုယ်ချင်းစာစိတ်” မျက်နှာဖုံးကာတွန်း၊ စစ်သားလေး၏ မိမိတိုင်းပြည်အပေါ်ထားရှိသည့် မျိုးချစ်စိတ်ဓာတ်ကြောင့် စစ်သူကြီးတွင် ပီတိဖြစ်ရပုံအကြောင်း ရေးဖွဲ့ထားသည့် “အမေပြောသော ပုံပြင်များ- မျိုးချစ်စစ်သည်လေး” နှစ်မျက်နှာကာတွန်း၊ ဦးလေး၏ ကြက်ခြံတွင် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးသော ဖိုးဇော် အကြောင်း တင်ဆက်ထားသည့် “ဖိုးဇော်” နှစ်မျက်နှာကာတွန်း၊ အချင်းချင်း ရန်ငြိုးထားရာက နှစ်ဦးစလုံး အကျိုးမရှိ ပျက်စီးခြင်းအတိကို ရောက်သွားသော ဝက်ဝံနှင့် ရုက္ခစိုးအကြောင်း တင်ဆက်ထားသည့် “အငြိုးရဲ့ ရလဒ်” နှစ်မျက်နှာကာတွန်း၊ ပုချိုပြောသည့် ချမ်းသာခြင်း အစစ်အမှန်အကြောင်း ရေးဖွဲ့ထားသည့် “ချမ်းသာခြင်း” တစ်မျက်နှာကာတွန်းနှင့် ထမင်းစားပျက် မည် စိုးသဖြင့် သူငယ်ချင်းက ကျွေးသော မုန့်ကို မစားတော့ကြောင်း ငြင်းဆိုသည့်“ဘယ်ကျော်” မျက်နှာဝက်ကာတွန်းတို့ကို တင်ဆက်ထားပါသည်။
သုတကဏ္ဍတွင် ကျန်းမာသက်ရှည်စွာ နေနိုင်ရန်အတွက် သတိပြုလိုက်နာ ဆောင်ရွက် အပ်သော ကျန်းမာရေးဗဟုသုတများကို တင်ဆက်ထားပါသည်။ ပုံပြင်ကဏ္ဍအနေဖြင့် လယ်သမား ကြီး၏ အကူအညီဖြင့် အရုပ်ကမ္ဘာထဲတွင် သူ၏ ကြက်ပေါက်လေးများနှင့်အတူ ပျော်ရွှင်စွာ နေထိုင်ခွင့်ရခဲ့သော ကြက်လေးချန်ဂီအကြောင်း တင်ဆက်ထားပါသည်။ ဝတ္ထုကဏ္ဍတွင် နိုင်ငံတော် ၏ မျိုးဆက်သစ်များဖြစ်သည့် ကလေးငယ်များအတွက် ပညာ၏ တန်ဖိုးနှင့် စာတတ်မြောက်ခြင်း၏ အရေးပါပုံကို ဖတ်ရှုရမည်ဖြစ်ပါသည်။ ထို့ပြင် ရွှေသွေးတို့ကိုယ်တိုင် ရေးဆွဲထားသည့် ရွှေသွေးတို့ လက်ရာကဏ္ဍနှင့် မြန်မာတို့သည် နယ်ချဲ့တို့လက်မှ အရယူနိုင်ခဲ့သော နိုင်ငံတော်၏ လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရန် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည့် ဆရာ တက္ကသိုလ် ဆန်းတင့်နိုင်၏ “လွတ်လပ်ရေးနေ့” ကဗျာကဏ္ဍတို့ကိုလည်း တင်ဆက်ထားပါသည်။ အင်္ဂလိပ်စာကဏ္ဍအနေဖြင့် မွေးနေ့ပွဲ ကျင်းပမည့် နေရာနှင့် ကျွေးမွေးဧည့်ခံမည့် အစီအစဉ် အကြောင်း အပြန်အလှန်ပြောဆိုပုံကို အသုံးအနှုန်းမတူဘဲ အဓိပ္ပာယ်တူ ပြောဆိုထားသည့် အင်္ဂလိပ်စကားပြောကို ကလေးတို့ လေ့လာနိုင်မည်ဖြစ်ပါသည်။
ရွှေသွေးဂျာနယ်ကို ကိုယ်စားလှယ်အဖြစ်
မှာယူဖြန့်ချိလိုပါက တစ်စောင်လျှင် ၄၀၀ ကျပ် နှုန်းဖြင့် စာပေဗိမာန်အရောင်းဌာနစု၊
အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့။ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့
ဆက်သွယ်မှာယူနိုင်ပါသည်။