ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၃)၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့် ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာန၊
အပိုင်း (၄) တွင် Australia and New Zealand Banking Group Limited (Myanmar Representative Office) Notice of closure of representative office၊ MYANMAR SHANDONG GUANGYUAN MINING COMPANY LIMITED၊ SHWE SANDAR LIN LATT COMPANY LIMITED၊ NGWE THAWDAR YAUNG ZIN LIN LATT COMPANY LIMITED နှင့် JIN YUAN SHENG TONG MINING COMPANY LIMITED တို့၏ ဖျက်သိမ်းရန် ကြေညာချက်၊ Century Land Development Co., Ltd. မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈(င) အရ ကုမ္ပဏီအား အပြီးသတ်စာရင်း ရှင်းလင်းဖျက်သိမ်း မည်ဖြစ်ကြောင်း ကြေညာချက်၊ ဘုန်းမင်းပြည့် ကုမ္ပဏီလီမိတက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီ စာရင်းရှင်းလင်း ဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာချက်၊ ဝါးတားလိုက်ဘရယ်ရီ မြန်မာ ထရေးဒင်း ကုမ္ပဏီလီမိတက် (WATER LIBRARY MYANMAR TRADING COMPANY LIMITED) အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ ရီဇင်ဆားဗစ်(စ်) ကုမ္ပဏီလီမိတက် (RIZIN SERVICES COMPANY LIMITED) နှင့် မက်တဲလ် လင့်(ခ်) ကုမ္ပဏီလီမိတက် (Metal Link Co., Ltd.) တို့ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းရန် ကြေညာခြင်း၊ တယ်လီမက်ချ် အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (Tele Match International Company Limited) (အစုရှင်များ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။