ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၄၀)၊ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၆ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပညာရေး (ဝန်ကြီးရုံး) အမိန့် ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရုံး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံး၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဧရာ၀တီတိုင်းဒေသကြီးလွှတ်တော်ရုံး၊ ကချင်ပြည်နယ်လွှတ်တော်ရုံး၊ ကယားပြည်နယ်လွှတ်တော်ရုံး၊ ကရင်ပြည်နယ်လွှတ်တော်ရုံး၊ မွန်ပြည်နယ်လွှတ်တော်ရုံး၊ ရခိုင်ပြည်နယ်လွှတ်တော် တို့၏ အမိန့်ကြော်ငြာစာများ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ကေဒီ အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (K D International Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ Myanmar Gun San Co.,Ltd. နှင့် K & K Venus Co.,Ltd. တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ စင်မာ ရွှေနဂါး ကမ်းလွန် ကုမ္ပဏီလီမိတက် (GOLDEN DRAGON SINMAR OFFSHORE COMPANY LIMITED) အစုရှင်များ ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ NOTICE Under Section 208 (E) Myanmar Companies Act. MYUNG KOREA COMPANY LIMITED (Members Voluntary Winding-Up) INVITATION TO FINAL MEETING၊ ကောင်းကင်ဗဟို အပြည်ပြည်ဆိုင်ရာ ခရီးသွား ကုမ္ပဏီလီမိတက် (SKY HUB INTERNATIONAL TRAVEL & TOURS COMPANY LIMITED)၊ Boon (Myanmar) Company Limited နှင့် Smile & Joy Company Limited တို့၏ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မအရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက်ဖျက်သိမ်းရန် ကြေညာခြင်း၊ Myint Myat Kyaww Services Co., Ltd.၊ Myint Myat Kyaww Trading Co., Ltd.နှင့် Woodpecker Co., Ltd. တို့ (အစုရှင်များ၏ဆန္ဒအရဖျက်သိမ်းဆဲ) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၈ (င) နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။