ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၉)၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ဆည်မြောင်းနှင့်ရေးအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာန (ရုံးချုပ်) အမိန့်ကြော်ငြာစာ၊ သစ်တော တက္ကသိုလ်၊ ရေဆင်း University of Forestry အမိန့် ကြော်ငြာစာ၊
အပိုင်း (၄) တွင် PROMO LINE COMPANY LIMITED နှင့် KAMADHENU VENTURES MYANMAR LTD တို့ အစုရှင်မျာ၏ ဆန္ဒအရ ဖျက်သိမ်းဆဲ နောက်ဆုံး အစည်းဝေးဖိတ်ကြားခြင်း၊ SHWE TAUNG POR INTERNATIONAL TRADING COMPANY LIMITED ဖျက်သိမ်းရန်ကြော်ငြာချက်၊ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၂၀၆ (၁)အရ ကြော်ငြာစာ ကြယ်ငယ်လေး ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ အက် အက်စထရာ ကွန်ဆား (လ်) တင်း ကုမ္ပဏီ လီမိတက်၊ ရွှေကောင်းကင်စွမ်းအင် ကုမ္ပဏီလီမိတက် (Golden Sky Energy Company Limited) ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ PHYO CHERRY COMPANY LIMITED ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံး အစည်းအဝေးခေါ်ယူခြင်း၊ ထရိုက်တန်မြန်မာ ကုမ္ပဏီ လီမိတက် (TRITON MYANMAR COMPANY LIMITED) ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ တော့ (ပ်)ကွန်ခရိ ပရောဒတ် ကုမ္ပဏီလီမိတက် (TOP CONCRETE PRODUCT COMPANY LIMITED)၊ အဘိုက် (ဒ်) ဒင်း ဆားဗစ် (စ်) ကုမ္ပဏီလီမိတက် (ABIDING SERVICES COMPANY LIMITED)၊ အမ် အီး ပီ အက် (စ်) အင်ဂျင်းနီးယားရင်း ကုမ္ပဏီလီမိတက် (MEPS Engineering Company Limited) တို့အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်း လင်းဖျက် သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။