ြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၇၀)၊ အမှတ် (၃၆)၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက် ထုတ် စာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ် ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာ စာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ရုံးတွင်းအမိန့်၊
အပိုင်း (၄) တွင် Notice Under Section 206 (1) In the Matter of the Myanmar Companies Act and PAING ETG COMPANY LIMITED၊ မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ စီ.အမ်.တီ ဂလိုဘယ်လ် ကုမ္ပဏီလီမိတက် (C.M.T GLOBAL COMPANY LIMITED) အလိုအလျောက်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းနှင့် ရရန်ရှိသည့်ကြွေးများ တောင်းခံရန် သတိပေးခြင်း၊ ခရီးသွားနဂါး ကုမ္ပဏီလီမိတက် (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ န၀ရတ် ရွှေဇာမဏီ ကုမ္ပဏီလီမိတက် (NAWARAT SHWE ZARMANI COMPANY LIMITED)၊ ကုန်သည်ကြီး ရှစ်ဦး ကုမ္ပဏီလီမိတက် (EIGHT TRADERS COMPANY LIMITED)၊ အိုင် စီ အယ်လ် ဒစ်(ဒ်)ထရီဗြူးရှဲ(န်) ကုမ္ပဏီလီမိတက် (I C L DISTRIBUTION COMPANY LIMITED)၊ အကောင်းဆုံး ဓာတ်သတ္တု ထုတ်လုပ်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (EXCELLENCE MINERAL MANUFACTURING COMPANY LIMITED)၊ အာရှ သိမ်းငှက် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ASIA FALCON TRADING COMPANY LIMITED) နှင့် အဓိက အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ကုမ္ပဏီလီမိတက် (Main International Trading Co., Ltd.) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၃နှင့်၂၀၆(၁) အရ ကြော်ငြာစာ မြန်မာဗွီး အီးအက်(စ်) ဖက်စပ် ကုမ္ပဏီ လီမိတက်၊ Notice MIZON CO., LTD. (MYANMAR BRANCH) (In members' Voluntary Liquidation) Pursuant of Section 208 E of the Myanmar Companies Act: Final Meeting တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၂၄၉၀၃၁ နှင့် ၀၁- ၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၄၁၄၆၈၁) တို့ တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။