ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနက ထုတ်လုပ်ဖြန့်ချိသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်း အတွဲ (၆၉)၊ အမှတ် (၅၁)၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၉ ရက်ထုတ် စာစောင်ကို စာပေဗိမာန် စာအုပ် အရောင်းဆိုင်တွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁)၊ အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆(၁)အရကြော်ငြာစာ သီဟထွန်းနှင့် ညီအစ်ကိုများ ကျောက်မျက်ကုမ္ပဏီလီမိတက်၊ စီးပွားပန်းတိုင် ကုမ္ပဏီလီမိတက် နှင့် ဂျိုးရတနာ စက်မှုထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၊ SYSTEM STATION MYANMAR COMPANY LIMITED နှင့်TAU Corporation (Yangon Branch) တို့၏ အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ပုဒ်မ ၂၀၈(င)အရ စာရင်းရှင်းလင်း ဖျက်သိမ်းမှု နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ အပြည်ပြည်ဆိုင်ရာ အရည်အသွေးမှီ အလှကုန် ကုမ္ပဏီလီမိတက် (INTERNATIONAL QUALITY COSMETICS COMPANY LIMITED)၊ အမ်ကေ မာလ်တီ ကုမ္ပဏီလီမိတက် M K MULTI COMPANY LIMITED၊ လူ့အရင်းအမြစ် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (HUMAN RESOURCE SERVICES COMPANY LIMITED)၊ ပုံရိပ်ဖျော်ဖြေရေးလုပ်ငန်းစု လီမိတက် IMAGE ENTERTAINMENT HOLDING LIMITED၊ မြန်မာ ဖု(ဒ်)ဆီးစနင်း ကုမ္ပဏီလီမိတက် (MYANMAR FOOD SEASONING COMPANY LIMITED) နှင့် စီ အိုင် အဲ(မ်) ကုမ္ပဏီလီမိတက် (C I M COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ
တစ်စောင်လျှင်
၃၅၀
ကျပ်
ဖြစ်သည်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ်
၅၂၉-၅၃၁၊
ကုန်သည်လမ်း၊
စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁-
၂၄၉၀၃၁
နှင့်
၀၁-
၃၈၁၄၄၈)
တွင်
ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ
ပေးသွင်း၍
ဝယ်ယူလိုပါက
ရန်ကုန်မြို့အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊
ဖုန်း
ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅
တို့သို့
ဆက်သွယ်စုံစမ်းနိုင်ပါသည်။