ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် ကြေညာချက်၊ အမျိုးသားလွှတ်တော်ကြေညာချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး
အပိုင်း (၄) တွင် Under Member’s in Company Voluntary Winding-up In the Matter of the Myanmar Companies Law and KHIRI TRAVEL MYANMAR LIMITED Notice under Section 348၊ ABSOLUTE PRODUCTS COMPANY LIMITED၊ MY MUSIC COMPANY LIMITED နှင့် MYANMAR HONGMEN INTERNATIONAL COMPANY LIMITED၊ ISON BPO MYANMAR LIMITED နှင့် BLM 2017 COMPANY LIMITED တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ - ၃၄၈ အရ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ Notice Under Section 357 Myanmar Companies Act MMI SOUKEN CO., LTD (Members Voluntary Winding-up) Invitation to Final Meeting၊ PAING SOE COMPANY LIMITED အစုရှင်ရှင်များ၏ဆန္ဒအရ နောက်ဆုံးအပြီးသတ်အစည်းအဝေးဖိ တ်ကြားခြင်း၊ GLORY RADICAL TRADING COMPANY LIMITED ကုပ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ - ၃၅၇ အရ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကို ဆောင်ရွက်ရန် နောက်ဆုံးအစည်းအဝေး ခေါ်ယူရန် ကြေညာချက်၊ Doubpoly Myanmar Enterprise Company Limited နှင့် M & A-ICONIC COMPANY LIMITED တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ NOTICE PURSUANT TO THE SECTION 348 OF THE MYANMAR COMPANIES LAW YANGON KHK COMPANY LIMITED (MEMBERS’ VOLUNTARY WINDING UP)၊ ရွှေမြစင်္ကြာကုမ္ပဏီ လီမိတက် (SHWE MYA SETKYAR CO., LTD) နှင့် GATEWAYS HONGKONG COMPANY LIMITED တို့က ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။