ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်ထုတ် အတွဲ (၇၄)၊ အမှတ် (၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) -အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ e-Government ဦးဆောင်ကော်မတီ အမိန့်ကြော်ငြာစာအမှတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ အမျိုးသားအဆင့်ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မန္တလေးတိုင်းဒေသကြီးယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေးကော်မတီ အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊
အပိုင်း (၄) တွင် AVANTIX COMPANY LIMITED၊ ရခိုင်ကမ်းရိုးတန်းဖွံဖြိုးတိုးတက်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (RAKHINE COASTLINE DEVELOPMENT PUBLIC CO., LTD)၊ မောင်မောင်အောင် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် တို့ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ - ၃၄၈ အရ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ ကုမ္ပဏီဖျက်သိမ်း ကြောင်းကြော်ငြာ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ (Maung Maung Aung Trading Company Limited)၊ Greenfeed Vietnam Corporation (Representative Office) (the ‘‘RO’’) (Incorporated in the Republic of the Union of Myanmar) Voluntary Liquidation with the consent of the Greenfeed Vietnam Corporation၊ KOREA OFFICE SOLUTIONS LTD၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ စံပြဓာတုထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (Ideal Chemical Industry Company Limited)၊ TEO TELECOM LIMITED၊ AIRBORNE TRAVELS & TOURS COMPANY LIMITED (မှတ်ပုံတင်အမှတ်-၁၁၁၆၀၅၈၀၇) ၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ - ၃၄၅ နှင့် ၃၄၈ တို့အရ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း ကုမ္ပဏီဖျက်သိမ်း ကြောင်းကြော်ငြာခြင်း၊ KINO MYANMAR LIMITED ဖျက်သိမ်းရန် ကြေညာခြင်း၊ IN THE MATTER OF MYANMAR COMPANIES LAW SECTION 357 FORAIN MYANMAR LIMITED Company Registration Number - 113578394 (In member’s voluntary winding up) NOTICE OF FINAL GENERAL MEETING တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။