ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၈ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၅၁) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် သဘာဝပြုံးအလှ ခရီးသွား ကုမ္ပဏီလီမိတက် (BEAUTY NATURE SMILE TRAVELS & TOURS COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ-၃၄၈ အရ ကုမ္ပဏီအား ဆန္ဒအလျောက်ဖျက်သိမ်းရန်အတွက် အထူးဆုံးဖြတ်ချက်၊ ဖီးဘီးရက်(စ်) မြန်မာ ကုမ္ပဏီလီမိတက် (PHIBIOUS MYANMAR COMPANY LIMITED) အစုရှင်များဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ TAKARA YADANAR CO., LTD မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ လဲဗစ်(ရ်) ကုမ္ပဏီလီမိတက် (LAVISH COMPANY LIMITED)၊ ခလောရစ်(စ်) ဖလားဝါး စကူး(လ်) မြန်မာ ကုမ္ပဏီလီမိတက် (KHLORIS FLOWER SCHOOL MYANMAR COMPANY LIMITED) နှင့် မြစ်ကြီးဧရာဝတီ ခရီးသွားလာရေး ကုမ္ပဏီလီမိတက် (GREAT AYEYARWADDY TRAVEL & TOURS Co., Ltd) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ စာရင်းရှင်းလင်း ဖျက်သိမ်းရေးဆိုင်ရာ အပြီးသတ် အထွေထွေအစည်းအဝေးတက်ရောက်ရန် အကြောင်းကြားစာ (အစုရှင်များ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ THEL MYO SU (T.M.S) & COMPANIES LIMITED၊ GOLDEN ARENA COMPANY LIMITED၊ ရွိုင်ရယ်ဆန်းလိုက် ကုမ္ပဏီလီမိတက် (ROYAL SUNLIGHT COMPANY LIMITED)၊ WATANABE ENTERPRISE COMPANY LIMITED နှင့် YANGON LIGHTING COMPANY LIMITED တို့၏ ဖျက်သိမ်းရန် ကြေညာချက်၊ TOYAVA IMPEX PTE LTD (MYANMAR BRANCH) (အစုရှင်များ ဆန္ဒအရဖျက်သိမ်းဆဲ) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၈ (င) အရ အပြီးသတ်နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ Notice Under Section 357 Myanmar Companies Act Great Endeavour Company Limited (Members Voluntary Winding-up) Invitation to Final Meeting၊ (Notice Under Section 370 of the Myanmar Companies Law) Myanmar Uptron Holdings Co., Ltd (Under Creditors' Voluntary Winding-up)၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။