ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၁ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၅၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိးတက်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် Notice Under Section 348 In the Matter of the Myanmar Companies Law and JEWELLERY LUCK ZHONGHE ENGINEERING Co., Ltd Under Member's in Company voluntary Winding-up၊ မင်းဧကရာဇ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (King Excel King Trading Co., Ltd) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ-၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာြခင်း၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန်သတိပေးခြင်း (Claim Notice) မင်းဧကရာဇ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်၊ BETHEL SEAMONT AGRO Co., Ltd နှင့် JDB TRADING Co., Ltd တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၄၈ အရ စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ ကုမ္ပဏီဖျက်သိမ်းကြောင်းကြေညာ MINN HTET MYAT Co., Ltd နှင့် SHL MYANMAR LIMITED တို့၏ အစုရှယ်ယာရှင်များ၏ ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ CITY LIGHT COMPANY LIMITED ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ - ၃၅၇ အရ ကုမ္ပဏီအား အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ဆောင်ရွက်ရန် နောက်ဆုံးအစည်းအဝေး ခေါ်ယူရန် ကြေညာချက်၊ MJ EBENEZER COMPANY LIMITED နှင့် ကောင်းမြတ်ထွန်း ကုမ္ပဏီလီမိတက် (KAUNG MYAT TUN Co., Ltd) ဖျက်သိမ်းရန် ကြေညာချက် ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်းတို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။