ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၄ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၄၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ကြေညာချက်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် သည် အာတီဖက် မြန်မာ ကုမ္ပဏီလီမိတက် (THE ARTIFACT MYANMAR COMPANY LIMITED)၊ ဘီလင့် မီဒီယာ ကုမ္ပဏီလီမိတက် (BELINK MEDIA COMPANY LIMITED)၊ ပရို ၁ ကုမ္ပဏီလီမိတက် (PRO 1 COMPANY LIMITED)၊ THA KHIN MA COMPANY LIMITED၊ မြင့်မြတ်ကြွယ်ဝ အလိုအလျောက် ဝန်ဆောင်မှု လီမိတက် (GRAND & RICH AUTO SERVICE LIMITED)၊ မြန်မာမှုဂျူးရ် ကုမ္ပဏီလီမိတက် (MYANMAR MUJUR COMPANY LIMITED)၊ မြင့်မြတ်အလှကမ္ဘာ ကုမ္ပဏီလီမိတက် (GRAND BEAUTY WORLD COMPANY LIMITED)၊ ရီချာ့(ဂျ်) လီမိတက် (RECHARGE LIMITED) တို့၏ မြန်မာနိုင်ငံကုမ္ပဏီဥပဒေပုဒ်မ-၃၄၈ အရ ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း၊ အေဘီစီ-တူးစီတူးပီး ကုမ္ပဏီလီမိတက် ကုမ္ပဏီစာရင်းအပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Sat Kyar Maung Company Limited နှင့် Linn Mahar (Myanmar) Company Limited တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ အလွိုင်း၊ ကို-ဆိုင်ကဲလ် ရေးလ် ဘရစ်ချ် ကုမ္ပဏီလီမိတက် (ALLOY, CO-CYCLE RAIL BRIDGE COMPANY LIMITED) အစုရှင်များ၏ ဆန္ဒအရ နောက်ဆုံးအပြီးသတ် ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်း၊ IN THE MATTER OF MYANMAR COMPANIES LAW TAKEKAWA ISSUNBOU MYANMAR COMPANY LIMITED FINAL MEETING NOTICE FOR VOLUNTARY WINDING-UP၊ တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။