ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၄၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်ရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊ အခွန်အယူခံခုံအဖွဲ့ရုံး ရုံးတွင်းအမိန့်၊
အပိုင်း (၄) တွင် Notice of Special Resolution Annotation Yangon Co., Ltd For Members' Voluntary Winding-up Pursuant to Section 348 of Myanmar Companies Law၊ မှတ်တမ်းများ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက် (Diaries Travels & Tours Company Limited) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Grace Sanctuary Group Company Limited Invitation to attend the final meeting to finalize the company dissolution၊ အိုးရှင်း ဘလူး ဆီး(လ်) ဖု(ထ်) ကုမ္ပဏီလီမိတက် နှင့် B.R BEST ROYAL COMPANY LIMITED တို့ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ အပြီးသတ်အထွေထွေအစည်းအဝေးတက်ရောက်ရန် အကြောင်းကြားစာ မန်းဂိုးမီဒီယာ လီမိတက် (Mango Media Limited) နှင့် သရက်သီးဈေးကွက်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (Mango Marketing Services Co., Ltd) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၃၅၇ အရ (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) တို့ ပါဝင်ပါသည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။