ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၃၀ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၄၄) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမိန့်အမှတ်၊
အပိုင်း (၂) တွင် စစ်ရာထူးခန့်ချုပ်ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ အဆင့်မြင့်ပညာဦးစီးဌာန
အပိုင်း (၄) တွင် SYNERGY HOLIDAYS COMPANY LIMITED နှင့် RECHARGE MYANMAR LIMITED တို့ (In Members' Voluntary Winding-up) Notice under section 357 of the Myanmar Companies Law Final General Meeting relating to the winding-up၊ GLADIOLI COMPANY LIMITED၊ MOE MIN THU COMPANY LIMITED၊ SIN TAI HLA COMPANY LIMITED နှင့် CLEMATIS COMPANY LIMITED တို့၏ (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန်ဖိတ်ကြားခြင်း၊ NOTICE OF CEASING TO CARRY ON BUSINESS IN THE UNION BY OVERSEAS CORPORATION PURSUANT TO SECTION 55 (a) MANULIFE FINANCIAL ASIA LIMITED (MYANMAR REPRESENTATIVE OFFICE)၊ NOTICE OF CEASING TO CARRY ON BUSINESS IN THE UNION BY OVERSEAS CORPORATION PURSUANT TO SECTION 55 (A) BARAMATI AGRO SINGAPORE PTE., Ltd (MYANMAR BRANCH)၊ M & C AVIATION (MYANMAR) Co., Ltd Notice of Special Resolution For Members' Voluntary Winding-up (Pursuant to Section 348 of Myanmar Companies Law)၊ Myanmar Yuan Dong Nan Yang Trading Co., Ltd အစုရှင်များ၏ ဆန္ဒအလျောက် ဖျက်သိမ်းဆဲကုမ္ပဏီ Final Meeting - နောက်ဆုံးအစည်းအဝေး ဖိတ်ကြားခြင်း၊ အလွိုင်း၊ ကို - ဆိုင်ကဲလ် ရေးလ် ဘရစ်ချ် ကုမ္ပဏီလီမိတက် (ALLOY, CO - CYCLE RAIL BRIDGE COMPANY LIMITED) ကုမ္ပဏီတရားဝင် ဖျက်သိမ်းခြင်းတို့ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။