ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၄၃) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) ¬အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော် အမိန့်ကြော်ငြာစာ။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် MYANMAR MAINON Co., Ltd ၊ Pocket Nicotine Co., Ltd၊ Pantos Logistics Myanmar Co., Ltd (In Members' Voluntary Liquidation) ၊ Myanmar Kerry International Trading Co., Ltd ၊ ANCONA SOLUTION COMPANY LI¬MITED၊ META SOFTWARE DEVELOPMENT COMPANY LIMITED၊ HARBOUR SERVICES COMPANY LIMITED (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ In the Matter of the Myanmar Companies Law and Fifty Seven Below Co., Ltd၊ In the Matter of the Myanmar Companies Law and Athina Med Co., Ltd၊ In the Matter of the Myanmar Companies Law and Pizza Parami Co., Ltd၊ In the Matter of the Myanmar Companies Law and Gekko Co., Ltd၊ In the Matter of the Myanmar Companies Law and Echo Myanmar Communications Co., Ltd၊ (Under Section 345)၊ Pantos Logistics Myanmar Co., Ltd (In Members' Voluntary Liquidation)၊ Myanmar တို့ ဖျက်သိမ်းရန် ကြော်ငြာချက် တို့ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။