ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၅ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၉) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့လွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ အမျိုးသားလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် ပထမ မဏ္ဍိုင် ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် နှင့် ကောင်းကင်နှင့် ကောင်းကင်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်တို့၏ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ STZ SUPREME LIMITED (In member's voluntary winding-up)၊ N-Car Mandalay Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၃၄၈ အရ အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ ရွန် အင်န် ကိုး(လ်) ကုမ္ပဏီလီမိတက် (Ron & Colls Company Limited) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ပုဒ်မ - ၃၄၈ အရ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန်သတိပေးခြင်််််််််််််််််််််် (Claim Notice) ရွန် အင်န် ကိုး(လ်) ကုမ္ပဏီလီမိတက် ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း MYANMAR DADI PETROLEUM EXCHANGE Co., Ltd၊ MYANMAR DADI INSURANCE Co., Ltd၊ GOLDEN PACIFIC OCEAN SERVICES Co., Ltd၊ MYANMAR DADI AGRICULTURE TECHNOLOGY Co., Ltd၊ GLORY RADICAL TRADING Co., Ltd၊ MYANMAR PINGAN INSURANCE Co., Ltd နှင့် MYANMAR GRAND SUCCESS REAL ESTATE Co., Ltd တို့၏ ဖျက်သိမ်းရန် ကြေညာချက်၊ FMT AGRIZ COMPANY LIMITED (အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းခြင်း) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ (၃၄၈) အရ အထူးအစည်းအဝေးဆုံးဖြတ်ချက်အား အများသိစေရန်၊ Global Myanmar Engineering and Contracting Co., Ltd (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်း၊ ငုရွှေဝါ ကုမ္ပဏီလီမိတက် (Ngu Shwe War Company Limited) (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)တို့ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။