ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၁ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် မြန်မာ့စီးပွားရေးဘဏ်၊ အဆင့်မြင့်ပညာဦးစီးဌာန
အပိုင်း (၄) တွင် ရွက်စိမ်း ကုမ္ပဏီလီမိတက် (GREEN LEAF COMPANY LIMITED) မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၈ အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည် ဖြစ်ကြောင်း ကြေညာချက်၊ ရရန်ရှိသည့် ကြွေးများတောင်းခံရန်အသိပေးခြင်း (Claim Notice) ဘလူးစကိုင်းဘီစီးနပ်စ်ဆိုလူးရှင်းစ် ကုမ္ပဏီလီမိတက် (BLUE SKY BUSINESS SOLUTIONS COMPANY LIMITED)၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၈ အရ ဘလူးစကိုင်းဘီစီးနပ်စ်ဆိုလူးရှင်းစ် ကုမ္ပဏီလီမိတက် (BLUE SKY BUSINESS SOLUTIONS COMPANY LIMITED)၊ ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းကြောင်း ကြေညာခြင်း၊ GOLDEN ALLIANCE CONSTRUCTION MATERIALS TECHNOLOGY COMPANY LIMITED အစုရှင်များ၏ဆန္ဒအရ နောက်ဆုံးအပြီးသတ် အစည်းအဝေးဖိတ်ကြားခြင်း၊ LOKBUY CO., Ltd အား အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ Ilsung Construction Myanmar Company Limited Notice Under Section 348 Myanmar Companies Act, 2017 (Members Voluntary Winding-up)၊ Myanmar Takeuchi Company Limited (In member's Voluntary Liquidation) Pursuant of Section 357 (B) of the Myanmar Company Law Notice for Final General Meeting၊ GREAT ENDEAVOUR COMPANY LIMITED Notice Under Section 206 (1) of the Myanmar Companies Act (In Voluntary Liquidation)၊ ANCONA SOLUTIONS COMPANY LIMITED၊ Mon Region Development ''Tala Mon" Public Company Limited ဖျက်သိမ်းရန်ကြော်ငြာချက်၊ ဖြိုးသီဟကျော်မိသားစု သတ္တုတူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီလီမိတက် (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ အရည်အသွေးပြည့်ဝသော ကျောက်စိမ်းများ ကျောက်မျက် ကုမ္ပဏီလီမိတက် (Dignity Jades Gems Co., Ltd) နှင့် ဂျိတ်အင်ပါ ကုမ္ပဏီလီမိတက် (Jade Empire Co., Ltd) တို့၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း ကြေညာချက်၊ ရွှင်ပျော်ပျော် ဘဝ ကုမ္ပဏီလီမိတက်၊ မရှိမဖြစ် “ကိုယ်” ကုမ္ပဏီလီမိတက် တို့ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း၊ Trainor Asia Limited (Myanmar Branch) (Notice under section 357-A) တို့ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။