ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၈ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၅) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် လူမှုဝန်ထမ်းဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် NOTICE UNDER SECTION 348 OF THE MYANMAR COMPANIES LAW HTET PYAE PHYO COMPANY LIMITED၊ Notice of Special Resolution MJ Link Co., Ltd For Members' Voluntary Winding-up Pursuant to Section 348 of Myanmar Companies Law၊ MEMBERS' VOLUNTARY WINDING UP UBER MYANMAR LIMITED (Company) NOTICE OF MEETING OF MEMBERS၊ မေတ္တာအဆောင်ကောင်း ကုမ္ပဏီလီမိတက် (MYITTAR AH SAUNG KAUNG COMPANY LIMITED) (အစုရှင်များ၏ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းဆဲ) (မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၃၅၇ အရ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း)၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ ပုဒ်မ - ၃၅၂ (က) အရ ကြေညာစာ (Y & F Science And Technology Co., Ltd) (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ) နောက်ဆုံးအစည်းအဝေး ဖိတ်ကြားစာ၊ (In Members' Voluntary Winding Up) POCKET NICOTINE COMPANY LIMITED၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) အရ အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာခြင်း၊ DIAMOND DRAGON SERVICES COMPANY LIMITED နှင့် DIAMOND DRAGON TRAVELS & TOURS COMPANY LIMITED တို့ (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ Reverses Management Associates (Myanmar) Company Limited မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၃၅၇ အရ အပြီးသတ်စာရင်းရှင်လင်းဖျက်သိမ်းသည့် နောက်ဆုံးအစည်းအဝေး Final Meeting for Dissolution တက်ရောက်ရန် ဖိတ်ကြားခြင်း၊ MYANMAR KERRY INTERNATIONAL TRADING CO., Ltd၊ MYA THEIN THAN COMPANY LIMITED၊ SUPER SUGAR COMPANY LIMITED၊ CLEMATIS COMPANY LIMITED နှင့် FORSYTHIA COMPANY LIMITED တို့ ဖျက်သိမ်းရန် ကြော်ငြာချက်၊ Seine So Zay Company Limited (အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံး အစည်းအဝေးတက်ရောက်ရန်ဖိတ်ကြားခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။