ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၄ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၃၀) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အမိန့်ကြော်ငြာစာ၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် အမိန့်ကြော်ငြာစာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထဲရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် NOTICE UNDER SECTION 348 OF THE MYANMAR COMPANIES LAW ARO COMPANY LIMITED၊ IN THE MATTER OF THE MYANMAR COMPANIES LAW (2017) AND MORONY ADVISERS COMPANY LIMITED (Members' Voluntary Winding-up) Notice of Special Resolutions pursuant to Section (348)၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဘာဂျာပိန့်(စ်) မန်နုဖတ်ချားရင်း လီမိတက် (Berger Paints Manufacturing Limited) အပြီးသတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း၊ အပြာရောင်သခင်ကုမ္ပဏီလီမိတက် (MR. BLUE COMPANY LIMITED) (အစုရှင်များ၏ ဆန္ဒအလျောက်စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)၊ Notice Under Section 357 of the Myanmar Companies Law SBT MYANMAR COMPANY LIMITED၊ BEON CHANG COMPANY LIMITED နှင့် BONCHON MYANMAR COMPANY LIMITED (In Members' Voluntary Winding-up) Final General Meeting relating to the winding-up၊ ထမင်းအိုး ကုမ္ပဏီလီမိတက် (RICE POT COMPANY LIMITED) ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ - ၃၄၈ အရ၊ STAR CENTURY GLOBAL CEMENT PVT. LTD Invitation to Final General Meeting၊ သာယာသော နေမင်း ကုမ္ပဏီလီမိတက် (Fair Sun Co., Ltd) နှင့် မြန်ပြည်သစ် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် (Myan Pyi Thit Construction Co., Ltd) တို့၏ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းပိတ်သိမ်းခြင်း၊ မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပေဒ ၃၄၈ အရ SHWE AYARWADDY MYANMAR COMPANY LIMITED အစုရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန် ကြေညာချက်၊ အခရာ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (VITAL TRADING CO., LTD) အပြီးသတ်ဖျက်သိမ်းနိုင်ရန်အတွက် နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ လှ နှင့် ထူး ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက် (HLA & HTOO CONSTRUCTION CO., LTD) နှင့် အက်(ဖ်) ဝိုင် အမ်(မ်) အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် (F Y M INTERNATIONAL CO., LTD) တို့ အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။