ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၃ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၂၇) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး အမိန့်ကြော်ငြာစာ၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုဦးစီးအဖွဲ့ အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမိန့်ကြော်ငြာစာ၊ ပညာရေး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမိန့်အမှတ်၊
အပိုင်း (၂) တွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် NOTICE UNDER SECTION 348 OF THE MYANMAR COMPANIES LAW SANOFI MYANMAR COMPANY LIMITED၊ YADANAR SHIN THANT REGIONAL DEVELOPMENT PUBLIC LIMITED မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ-၅၈(ခ) အရ ကြေညာချက်၊ Notice WCL LIMITED (In members' Voluntary Liquidation) Pursuant of Section 357 (A) of the Myanmar Companies Law (2017) Final Meeting၊ အိပ်(က်စ်)ပရက်(စ်) အင်(န်)အိပ်(က်စ်)ပါ့(ထ်) (အီး အင်(န်) အီး) ကုမ္ပဏီလီမိတက် (EXPRESS & EXPERT (E & E) COMPANY LIMITED) ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက်ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ-၃၄၈ အရ၊ Notice Under Section 208 (E) Myanmar Companies Act Myanmar Personal Care Company Limited (Members Voluntary Winding-up) Invitation to Final Meeting၊ KYAW SOE LWIN GEMS & JEWELLERY COMPANY LIMITED (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း၊ META SOFTWARE DEVELOPMENT COMPANY LIMITED ဖျက်သိမ်းရန် ကြော်ငြာချက်၊ KP GLOBAL M Y COMPANY LIMITED မိမိ၏ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရန် ကြေညာခြင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ (၂၀၁၇) ပုဒ်မ ၃၄၈ အရ HI HI LIMITED ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း၊ Flexipac Limited အစုရှယ်ယာရှင်များ၏ ဆန္ဒအရဖျက်သိမ်းဆဲ နောက်ဆုံးအစည်းအဝေးဖိတ်ကြားခြင်း၊ Brus Service Co., Ltd မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များဆန္ဒအလျောက် ဖျက်သိမ်းရန် ကြော်ငြာခြင်း၊ BK New Modern Co., Ltd နှင့် Myanmar Travel Diary Travel & Tour Co., Ltd (အစုရှင်များ၏ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း) နောက်ဆုံးအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားခြင်း၊ In the matter of the Myanmar Companies Law and FrieslandCampina Myanmar Limited [Under Sections 345 & 348]၊ FrieslandCampina Myanmar Limited (Under Members' Voluntary Winding-up) NOTICE TO CREDITORS TO CLAIM DEBTS၊ တို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။