ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းများကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာနက ထုတ်ဝေဖြန့်ချိလျက်ရှိရာ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၆ ရက်ထုတ် အတွဲ (၇၃)၊ အမှတ် (၂၆) ပြန်တမ်းစာစောင်ကို စာပေဗိမာန်စာအုပ် အရောင်းဆိုင်များမှတဆင့် စတင် ဖြန့်ချိ ရောင်းချလျက်ရှိပြီ ဖြစ်ပါသည်။ ယခုတစ်ပတ်ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း (၁) အပိုင်း (၂) နှင့် အပိုင်း (၄) တို့ ပါရှိပါသည်။
အပိုင်း (၁) တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ အမိန့် ကြော်ငြာစာ၊ ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အမိန့်ကြော်ငြာစာ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကြေညာချက်၊ ခရီးသွားလုပ်ငန်းကော်မတီ အမိန့်ကြော်ငြာစာ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အမိန့်ကြော်ငြာ စာ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ပြည်ထောင်စုဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (ဝန်ကြီးရုံး) အမိန့်ကြော်ငြာစာ၊
အပိုင်း (၂) တွင် ပြည်ထောင်စုလွှတ်တော်ရုံး အမိန့်ကြော်ငြာစာ၊
အပိုင်း (၄) တွင် Under Member's in Company voluntary Winding-up In the matter of the Myanmar Companies Law and MYANMAR JAPAN SMILK LINK CONSULTANCY CO., LTD Notice Under Section 348၊ Notice FOODTALK COMPANY LIMITED (In members' Voluntary Liquidation) Pursuant of Section 357 (A) of the Myanmar Companies Law (2017) Final Meeting၊ မြန်မာဗီးရှင်း ကုမ္ပဏီလီမိတက် (MYANMAR VISION COMPANY LIMITED) ကုမ္ပဏီတွင် ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ-၃၄၈ အရ၊ Notice ZAGAR MINGALAR LIMITED (In members' Voluntary Liquidation) Pursuant of Section 357 (A) of the Myanmar Companies Law (2017) Final Meeting၊ အောင်ရွှေသီး ဆောက်လုပ်ရေးကုမ္ပဏီ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအမျိုးအစားသို့ တရားဝင်ပြောင်းလဲမည် ဖြစ်ကြောင်းကြေညာချက်၊ Notice Under Section 348, Myanmar Companies Act, BestProperty Co., Ltd (Members Voluntary Winding-up)၊ SAMART U-TRANS MYANMAR COMPANY LIMITED (Reg - No: 104738389) Under Section 345 and 348 of the Myanmar Companies Law 2017 (Voluntary Winding up of the Company)၊ Shin Kong Myanmar Consulting Services Company Limited (In Members Voluntary Winding - up) Invitation to Final General Meeting၊ အိုးရှင်း ဘလူး ဆီး(လ်)ဖု(ထ်) ကုမ္ပဏီလီမိတက် (Ocean Blue Seafood Company Limited) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကုမ္ပဏီကို အစုရှယ်ယာရှင်များ ဆန္ဒအလျောက် ဖျက်သိမ်းရန်ကြော်ငြာခြင်း၊ ပထဝီစိုး ကုမ္ပဏီလီမိတက် အပြီးသတ်စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ဆောင်ရွက်ရန်အတွက် နောက်ဆုံးအစည်းအဝေး ခေါ်ယူခြင်း၊ ကုမ္ပဏီတွင်ပါဝင်သူများက ကုမ္ပဏီကို ဆန္ဒအလျောက် ဖျက်သိမ်းခြင်း KL METAL TRADING & SERVICE CO., LTD ၏ ဖျက်သိမ်းရန် ကြေညာချက်၊ စိမ်းလန်းတောက်ပသော မိသားစုကုမ္ပဏီလီမိတက် (GREEN SHINE FAMILY COMPANY LIMITED)၊ ဇော်ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (ZAW TRADING COMPANY LIMITED)၊ အေ့ချ်-အက်ဖ်-ဝမ်းန် ပရော့ပတီ မဲနစ်ဂျ်မဲ့န်တ် ကုမ္ပဏီလီမိတက် (H. F. ONE PROPERTY MANAGEMENT COMPANY LIMITED)၊ နန်းယာ စက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက် (NANN YAR INDUSTRY COMPANY LIMITED) တို့၏ အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့ ပါဝင်သည်။
ယခုအပတ်ထုတ် ပြန်တမ်းစာစောင်ကို စက္ကူဖြူချောဖြင့် ရိုက်နှိပ်ထုတ်ဝေပြီး ရောင်းစျေးမှာ တစ်စောင်လျှင် ၄၅၀ ကျပ် ဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ပြန်တမ်းကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်း၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် (ဖုန်း ၀၁- ၈၂၄၉၀၃၁ နှင့် ၀၁-၈၃၈၁၄၄၈) နှင့် အမှတ် - တ (၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁) တို့တွင် ဖြန့်ချိရောင်းချလျက် ရှိပါသည်။ တစ်နှစ်စာ ကြိုတင်ငွေ ပေးသွင်း၍ ဝယ်ယူလိုပါက ရန်ကုန်မြို့ အမှတ် ၂၂၈၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ ဖုန်း ဝ၁- ၂၅၁၈၉၂၊ ဝ၁-၂၅၁၉၉၅ တို့သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။