၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတေ်၀ခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ သြဂုတ်လထုတ် သုတပဒေသာစာစောင်၌ ရင်သွေးငယ်များအတွက် မိခင်နို့၏အကျိုးကျေးဇူး (မျက်နှာဖုံးဆောင်းပါး) တွင် ရင်သွေးငယ်တို့ အတွက် အတုမရှိသည့် မိခင်နို့၊ ကလေးများအတွက် အသက်ရှင်သန်ခွင့်၊ ကဗျာကဏ္ဍတွင် ပျော်ရွှင်ခြင်းနှင့် ၀မ်းနည်းခြင်း၊ နွားနို့ရသာ၊ မသိပါသို့၊ ဥပဒေဆိုင်ရာကဏ္ဍတွင် လူ့အသက်နှင့် ဥပဒေအမြင်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်၊ ဒသမမြောက် ပညတ်တော်၊ ပညာခေတ် စိန်ခေါ်မှုတဲ့လား၊ လူငယ်ဆိုင်ရာကဏ္ဍတွင် လူငယ်များ အလွဲ မလွဲကြဖို့၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အတွင်းရှိ လူငယ်များ၊ စစ်ရေးဆိုင်ရာ ကဏ္ဍတွင် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများ၊ လေကြောင်းသယ်ပို့အကူ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကမ္ဘာနှင့်တူသော ဂြိုဟ်၊ နည်းပညာကို နားလည်ကြည့်ခြင်း၊ ကမ္ဘာ့ စက်ရုပ်များ ကွန်ဖရင့်၊ စီးပွားရေးဆိုင်ရာကဏ္ဍ တွင် စတော့ရှယ်ယာ အသိပညာမျှဝေခြင်း၊ CEO ၏ အခန်းကဏ္ဍ၊ သဘာ၀ပတ်၀န်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကိုယ်တွင်းအင်္ဂါကို ထွင်းဖောက် မြင်နိုင်တဲ့ အရေးပြားရှိ ဖားမျိုးနွယ်သစ်၊ အယူသီးအစွဲအလမ်းကြီးသူတို့ကြောင့် သက်ရှိလောက ပျက်စီးခြင်း၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မက်အင် ဖက်တမင်းနှင့် လူတို့ဖန်တီးသော မူးယစ်ဆေးဝါး များအန္တရာယ်၊ မြန်မာနိုင်ငံနှင့် မူးယစ် ဆေးဝါးအန္တရာယ်၊ လူငယ်လူရွယ်များနှင့် ဆေးလိပ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၈)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကျွန်မဖေဖေ လူသတ်သမား၊ မွေးမေ့ မေတ္တာ၊ ရေသူမ မီလာဂရော့စ်၊ ၀တ္ထုတိုကဏ္ဍတွင် ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ၊ နောက်တော့ ကျွန်တော်တို့ သုံးယောက်ပေါ့၊ အထွေထွေကဏ္ဍတွင် အတွေးထဲက စံအိမ်၊ အိပ်မက်ကမ္ဘာ၊ ဖတ်သမျှ ဒဿနနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။