၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှစတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၄ ခုနှစ်၊ ဇွန်လထုတ်မှ စတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၆ ခုနှစ် နိုဝင်ဘာလထုတ် သုတပဒေသာ စာစောင်၌ ကျား-မ တန်းတူဖွံ့ဖြိုးရေး (မျက်နှာဖုံးဆောင်းပါး) တွင် ကျား-မ တန်းတူဖွံ့ဖြိုးရေးနှင့် ဥပဒေအမြင်၊ ဒီမိုကရေစီစံနှုန်းများနှင့် ကျား-မ တန်းတူဖွံ့ဖြိုးရေး၊ ကျား-မ တန်းတူဖွံ့ဖြိုးမှု၊ ကျား-မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ ကျား-မ တူညီ လူ့ဘောင်ဆီသို့၊ အမျိုးသမီးများ အခွင့်အရေးနှင့် CEDAW၊ ကဗျာကဏ္ဍတွင် တောင်တက်လမ်း (၁)၊ အားအင်ကြောင်းပြု တောင်းဆုပတ္ထနာ၊ ပညာရေးကဏ္ဍတွင် ဒေါက်တာဘွဲ့တွေ စက်နဲ့ လှိမ့်ထုတ်နေသလား၊ ကလေးသူငယ်နှင့် စာဖတ်သော အလေ့အကျင့်၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ့်တစ်နေ့တာကို အစီအစဉ်ပြန်ချ၊ လုပ်နိုင်တယ် တကယ်လုပ်မှာလား၊ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှု၊ စတုတ္ထမြောက် ပညတ်တော်၊ လူငယ်ဆိုင်ရာ ကဏ္ဍတွင် လူငယ်နှင့် မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ်၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အဖွဲ့အစည်း ဆိုင်ရာပြောင်းလဲမှုကို စီမံခန့်ခွဲခြင်း၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ရေရှားကမ္ဘာ အတွက် မိုးရေအသုံးချခြင်း၊ ဖူကူရှီးမား ဓာတ်ရောင်ခြည်သင့်မှုအန္တရာယ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှု၊ သန့်ရှင်းတဲ့ စင်ကာပူ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အရှေ့တောင်အာရှနှင့် မူးယစ်ဆေးဝါး ပြဿနာ၊ Krokodil အသားစားမိကျောင်း မူးယစ်ဆေး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် သက်သတ်လွတ်စားခြင်းနှင့် ကျန်းမာရေး၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၇၉)၊ ကျန်းမာပကတိ ချမ်းသာစွာရှိလိုလျှင်၊ ကျန်းမာရေးအတွက် လေကို ရှူရှိုက်ကြစို့၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် အချိုမြိန်ဆုံး နှစ်ကာလများ၊ ခွင့်လွှတ်ခြင်းဖြင့်၊ အထွေထွေကဏ္ဍတွင် ဝါးနှင့်မြန်မာ မိတ်ဖက်ပါ၊ ဖတ်သမျှ ဒဿန၊ ချင်ပန်ဇီမျောက်တို့၏ ဈာပနအမူအကျင့်၊ စာနာထောက်ထား အငှားကိုယ်ဝန်ဆောင်တို့၏ ဘ၀များ၊ ဟာသ တို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်စျေး၊ နေပြည်တော်၊ဖုန်း ၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင် ၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကား မှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ကြောင်း သတင်းရရှိသည်။