၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ စက်တင်ဘာလ၊ အတွဲ ( ၄၇)၊ အမှတ်(၉) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါးကဏ္ဍမှာ ''ဩဂဲနစ်အစာအစာနှင့် ကျန်းမာရေး'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် ဩဂဲနစ်အစားအစာ၊ ဩဂဲနစ်အစားအစာနှင့် ကျန်းမာရေး၊ ဩဂဲနစ်အစားအစာနှင့် စိုက်ပျိုးရေး၊ ဩဂဲနစ်သဘာဝနည်းဖြင့် စိုက်ပျိုးမွေးမြူရေး၊ သက်ရှည်ကျန်းမာလှပဖို့ ဩဂဲနစ်အစားအစာ စားကြစို့၊ ကဗျာကဏ္ဍတွင် စကားပြောပုံ နည်းလမ်းစုံ၊ ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၅)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် အပြင်လူတစ်ယောက်အနေဖြင့် ကမကထအစပြုသူ၊ ရိုးရိုးကလေးပါ၊ လုပ်ငန်းကြန့်ကြာမှုများကို ဖယ်ရှားပါ၊ အဖြည့်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် မတူကွဲပြား ထူးခြားသော လေဆိပ်များ၊ ကိုဗစ်-၁၉၏ လုပ်ကြံဖန်တီးမှုသတင်းများ ဖော်ထုတ်ခြင်း၊ ကပ်ရောဂါအလွန် အလုပ်ခွင် အိုပယ်ဝါဒ ပိုဆိုးလာမလား၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် ယုံစားမိခြင်း၏ နောက်ကွယ်၊ ကလေးအလုပ်သမား ဆိုင်ရာကဏ္ဍတွင် ကလေးအလုပ်သမားအရေး ဝိုင်းဝန်းဆောင်ရွက်ပေး၊ သဘာ၀ ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် လင်းနို့နဲ့သူ့အစာတို့ အားပြိုင်ပွဲ၊ ခြိမ်းခြောက်ခြင်းခံနေရသော မျိုးစိတ်များ၊ ကမ္ဘာ့ရာသီဥတုဆိုင်ရာ လူငယ်များ လှုပ်ရှားမှု၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် နျူကလီးယားနှင့် ဓာတုလက်နက်များ၏ အဖျက်စွမ်းအား၊ လပေါ်တွင် ရှူမည့်လေ သောက်မည့်ရေ၊ အဏုမြူဗုံးနောက်ကွယ်မှ လျှို့ဝှက်မြို့များ၊ ကျန်းမာရေးဆိုင်ရာ ကဏ္ဍတွင် တီဘီရောဂါအကြောင်း သိကောင်းစရာ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၅)၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြပါစို့၊ သကြားချိုကို သတိပိုမို၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် စစ်ဂယက်တဒင်္ဂ၊ တန်းကြိုးပေါ်က ဘဝများ၊ ဝတ္ထုတိုကဏ္ဍတွင် စာဖတ်မြတ်နိုးရေး၊ ပြန်တွေးခြင်း အနုပညာ၊ အထွေထွေကဏ္ဍတွင် သတင်းအမှန် ပဲ့တင်သံ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။