၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာ စာစောင်၌ ခရီးသွားလုပ်ငန်း၏ အရေးပါမှု (မျက်နှာဖုံးဆောင်းပါး)တွင် ခရီးသွားလုပ်ငန်း အောင်မြင် ဖြစ်ထွန်းရေး၊ ခရီးသွားလုပ်ငန်း၏ အရေးပါမှု၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသများရှိရာ မြန်မာနိုင်ငံသို့ လာလှည့်ပါ၊ နိုင်ငံ့စီးပွားရေးတွင် ခရီးသွားလုပ်ငန်း၏ အရေးပါမှု၊ ခရီးသွားလုပ်ငန်း၊ ကဗျာကဏ္ဍတွင် လုံ့လစိုက်မှု အချည်းနှီးဟု မမှတ်ယူတန်ရာ၊ မိမိကိုယ်သာ မိုက်တာမသိတဲ့ ပညာမဲ့၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းနှင့်် အာရုံ စူးစိုက်မှု၊ ရောင်းတတ်သလို ဝယ်တတ်ဖို့လည်း လိုသည်၊ ဘ၀ဇာတ်ကြောင်း ပြန်ကြည့်လျှင်၊ လူ့အခွင့်အရေး ဆိုင်ရာကဏ္ဍတွင် အိမ်တွင်း လုပ်သားများ၏ အခွင့်အရေးကို လေးစားပါ၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကြီးမားသော ကျောက်ရုပ်ကြီး၊ သက်ကြီးရွယ်အိုနှင့် မသန်စွမ်းများအတွက် အထောက်အပံ့၊ စပိုင် လင်းတငှက်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် ကမ္ဘာ့ရှစ်ခုမြောက်တိုက် ဖြစ်လာမည့် ဇီလင်းဒီးယား၊ ဒစ်ဂျစ်တယ် ကွာဟမှုကို ချိတ်ဆက်ခြင်း၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာကဏ္ဍ တွင် မျိုးစိတ်သစ်များဖြစ်သည့် ဓားခုတ်ကောင်နှင့် ဖားငယ်၊ အစိမ်းရောင် အကျိုးတော်ဆောင်များ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဦးနှောက်ပိုကောင်းလာစေရန်၊ တစ်နေ့တာအလင်းရောင်ပေး ဉာဏ်ရည်သွေးလိုက်ပါ၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၁၃)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် တစ်မိုင်ပြီးမှ တစ်မိုင်၊ လေဖြတ်ပေမဲ့ မသေခဲ့ပါ၊ ကိုယ်ထူကိုယ်ထ ကိုယ့်ဘ၀အခြေအနေ၊ ၀တ္ထုတိုကဏ္ဍတွင် မြစ်ရေဝေးဝေး ရွာကလေး၊ ချော်လဲ ရောထိုင်၊ သူတို့မောင်နှမ၊ အထွေထွေကဏ္ဍတွင် ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီနှင့်် ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။