၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ နိုဝင်ဘာလ၊ အတွဲ ( ၄၇)၊ အမှတ်(၁၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာ'' ဖြစ်ပါသည်။ မျက်နှာဖုံးဆောင်းပါး ကဏ္ဍတွင် ရွေးကောက်ပွဲနှင့် တရားမဲ့ပြုကျင့်မှု၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၊ ရွေးကောက်ပုံစနစ်များ၊ နိုင်ငံရေးဆိုင်ရာ နှိုင်းရနှုန်းစံအဆင့်များနှင့် ဒီမိုကရေစီ၊ ကဗျာကဏ္ဍတွင် အတုအယောင်၊ ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၇)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာ ကဏ္ဍတွင် အမြင်ကျယ်လေ ပိုအောင်မြင်လေ၊ အဆိုးမြင်ခြင်း၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် တင်းမာနေသော နှစ်နိုင်ငံဆက်ဆံရေး၊ COVID-19 အမွေ၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် ပင်လယ်ပျော်ငှက်များ၊ သေသွားတဲ့ဆင်အတွက် ဆင်တို့ ပူဆွေးတတ်ကြသလား၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေးဝါး၏ ကျေးကျွန်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အာကာသရောက် သက်ရှိသတ္တဝါများ၊ မိုဘိုင်းကွန်ရက်များ ပြောင်းလဲလာပုံအဆင့်ဆင့်၊ ကွန်ရက်သံသရာ ဝင်္ကပါ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် အယ်လ်ဇိုင်းမားရောဂါနှင့် ကာကွယ် ကုသရေး ကြိုးပမ်းချက်များ၊ ရေယုန်ရောဂါကို မပေါ့ဆသင့်ပါ၊ စိတ်ပူပန်မှုနှင့် စိတ်ဖိစီးမှု၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၇)၊ လမ်းလျှောက်ကုထုံး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ဆင်ခြေဖုံးက ကလေးတစ်ယောက်၊ တိုက်ပွဲ၊ နှလုံးသားရဲ့ ဘာသာဗေဒ၊ ဝတ္ထုတိုကဏ္ဍတွင် သိုးကလေး ကလင်စီ၊ အချစ်ဆိုတာ မှားစရာ၊ ခံနိုင်စွမ်း၊ အထွေထွေကဏ္ဍတွင် အမုန်းစကား ရပ်၊ နှလုံးသားကို နွေးထွေး စေမည့် စကားလုံးများ၊ သုတရသပီပြင်သော စီမံခန့်ခွဲသူ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။