၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၈ ခုနှစ်၊ နို၀င်ဘာလထုတ် သုတပဒေသာစာစောင်၌ စွန့်ဦး တီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ (မျက်နှာဖုံးဆောင်းပါး) တွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍ၊ စွန့်ဦးတီထွင်သူများနှင့် ဥပဒေအမြင်၊ စွန့်ဦးတီထွင်သူများ၏ အခန်းကဏ္ဍ၊ စွန့်ရဲသောကြောင့် အခွင့်အလမ်း ပိုမိုရရှိသည်၊ ကဗျာကဏ္ဍတွင် သက်ရွယ်ကြီးငြား တရားမဲ့သူ ထိုတစ်လူ၊ အကယ်၍သာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘာလုပ်မယ်ဆိုတာကိုပဲ အာရုံစိုက်၊ ဘာမလုပ်ဘူးဆိုတာမျိုး အာရုံမစိုက်နဲ့၊ အလုပ်ခွင်မှာ ပျော်ရွှင်နိုင်ရေး၊ ကောင်းသည်ထက်ကောင်းအောင် လုပ်ရမည်၊ ရေးဒါလီယို၏ ဥပဒေသများ၊ မေးမြန်း စုံစမ်းပါ၊ နိုင်ငံတကာရေးရာကဏ္ဍတွင် ရူးလည်း ရူးတဲ့ကမ္ဘာ၊ အမေရိကန်လေတပ်မတော်၏ အဆင့်မြင့်လက်နက် ငါးမျိုး၊ စစ်ပွဲများတွင် ပါ၀င်တိုက်ခိုက် ကြသည့် အမျိုးသမီးစစ်သည်များ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် အာဆီယံ ဈေးကွက်၊ သဘာ၀ ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် မြန်မာ့မြစ်ရိုးတစ်လျှောက်ရှိ ငှက်သတ္တ၀ါများ၊ သဗ္ဗအိမ်နှင့် အသက်ရှူသောလိပ်၊ အာချီ သို့မဟုတ် ပိုးဟပ်သတ္တဝါ၊ ကမ္ဘာ့သက်တမ်းအရင့်ဆုံး ရေချိုရေကန်ကြီး၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၃)၊ ပတ်၀န်းကျင် အဆိပ်အတောက်များနှင့် လူသားတို့ထိတွေ့ခြင်း၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် လူငယ်နှင့် မူးယစ်ဆေးသုံးစွဲမှုပြဿနာ၊ ကနေဒါနိုင်ငံ၏ ဆေးခြောက်စီးပွားရေး၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ခိုင်မြဲသော ဆုံးဖြတ်ချက်၏ အမှတ်လက္ခဏာ၊ ဖေဖေပေးတဲ့ ရှင်သန်ခွင့်၊ အလုပ်နဲ့ဘ၀ တွေးဆမျှတ၊ ၀တ္ထုတိုကဏ္ဍတွင် အပြန်လမ်း၊ မရဏမြင်း၊ အထွေထွေကဏ္ဍတွင် ကလေးသူငယ်ဖွံ့ဖြိုးဖို့ ငယ်စဉ်ကပင် စာဖတ်ပြကြစို့၊ ဖတ်သမျှ ဒဿနနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။