၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၉ ခုနှစ်၊ မေလထုတ် သုတပဒေသာစာစောင်၌ လူငယ်နှင့် ဆေးလိပ်အန္တရာယ် (မျက်နှာဖုံးဆောင်းပါး) တွင် လူငယ်နှင့် ဆေးလိပ်အန္တရာယ်၊ လူငယ်နှင့် တိတ်တခိုးအဆိပ်၊ လူငယ်နှင့် ဆေးလိပ်၊ လူငယ်နှင့် ဆေးလိပ်အန္တရာယ် ကင်းရှင်းရေး၊ သင့်ကလေးကို ဆေးလိပ်ဖြတ်ရန် မခြိမ်းခြောက်ပါနှင့်် ဆွေးနွေးပါ၊ ကဗျာကဏ္ဍတွင် နိုင်ငံတော်အား လေးနက်စွာ အဓိဋ္ဌာန်ပြုပါ၏၊ မကောင်းမှုထပ်ခါ မပြုရာ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ပညတ်တော်ဆယ်ပါးနှင့် အရောင်းသမားကောင်း၊ မြင့်မားကြီးမြတ်သော အောင်မြင်မှုဆီသို့၊ မူပိုင်ခွင့််ဆိုင်ရာကဏ္ဍတွင် အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် အမျိုးသမီးငယ်တွေ ကာကွယ်ပေးဖို့၊ ကားလ်မာ့စ်၏ သင်္ချိင်းဂူ ဖျက်ဆီးခံရခြင်း၊ လျှို့ဝှက်ရေငုပ် သင်္ဘောများကို တိုးချဲ့ထုတ်လုပ်နေသည့်် တရုတ်နိုင်ငံ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် စျေးနှုန်း သတ်မှတ်ခြင်းမဟာဗျူဟာနှင့် နည်းဗျူဟာ၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် အမေရိကန်လေတပ်၏ မြန်နှုန်းမြင့် ဟိုက်ပါဆောနစ် တိုက်ခိုက်ရေးဒရုန်း၊ သဘာ၀ပတ်ဝန်းကျင် ရှုထောင့် ဆိုင်ရာကဏ္ဍတွင် လူတွေ၊ ရေတွေနဲ့ သဘာ၀၊ ကက်ရှ်မီးယားငလျင်၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် အာဖရိကတွင် ကျယ်ပြန့်လာသော ဘိန်းဖြူစျေးကွက်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍ တွင် ဂျိုးရဲ့ဆံပင် ကျွန်တော်၊ ခတ်တိုင်းငန်သည့် အန္တရာယ်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၀၉)၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် ကင်ဆာကို ရှာဖွေဖော်ထုတ်ပေးသည့်ခွေး၊ အသက်နှင့်ရင်း၍၊ မနီလာပင်လယ်အော်အတွင်း ကယ်ဆယ်မှု၊ ၀တ္ထုတိုကဏ္ဍတွင် ကီးရှ်၊ မိတ်ဆွေဖွဲ့ခြင်းအနုပညာ၊ အနမ်းပန်းတစ်ပွင့်၊ အထွေထွေ ကဏ္ဍတွင် လူနေမှုစရိတ် တိုးမြင့််လာခြင်းနှင့် စိတ်ဖိစီးမှုနှင့်် ဟာသတို့ ပါဝင်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန်စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန် စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။