၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေး လာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ် အပြင်အဆင်တို့ ပြောင်းလဲပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လထုတ်မှစတင်၍ အသွင်သစ်ဖြင့် ထုတ်ဝေခဲ့ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော ၂၀၁၇ ခုနှစ်၊ ဇွန်လထုတ် သုတပဒေသာစာစောင်၌ အများပြည်သူအတွက် သယ်ယူပို့ဆောင်မှု ချောမွေ့လွယ်ကူ ရေး (မျက်နှာဖုံးဆောင်းပါး) တွင် မြို့တွင်း ခရီးလမ်းပန်းဆက်သွယ်ရေး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်မှုနှင့် ဥပဒေအမြင်၊ သယ်ယူပို့ဆောင်မှု ချောမွေ့ လွယ်ကူရေး၊ နိုင်ငံကြီးပွားတိုးတက်မှုတွင် သယ်ယူပို့ဆောင်မှု ချောမွေ့လွယ်ကူရေး၏ အခန်းကဏ္ဍ၊ အများပြည်သူအတွက် သယ်ယူပို့ဆောင်မှု ချောမွေ့ လွယ်ကူရေး၊ အများပြည်သူအတွက် သယ်ယူပို့ဆောင်မှု၊ ကဗျာကဏ္ဍတွင် အိုဘယ့် ဂန္ထ၀င်အလှ ချစ်နှမ၊ မှားသူထံသို့ အမှန်ပို့၊ ရွေးကောက်ပွဲ ဆိုင်ရာ ကဏ္ဍတွင် ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲ၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် တီထွင်ဖန်တီးနိုင်မှု၊ ပျော်ရွှင်စွာ အသက်ရှင်ပါ၊ သံတစ်ချောင်းပြုတ်သော်၊ လူသစ် စိတ်သစ် အောင်ပွဲသစ်၊ အသေးစိတ်လွန်းရင်၊ လူငယ်ဆိုင်ရာ ကဏ္ဍတွင် မင်္ဂလာဆောင်မှာလား၊ သိပ္ပံနှင့် နည်းပညာ ဆိုင်ရာကဏ္ဍတွင် အသံတိတ် လူသတ်သမား၊ အိုင်စီတီ အသိတရားနှင့် စိန်ခေါ်မှုများ၊ နိုင်ငံတကာရေးရာ ကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်နေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သဘာ၀ပတ်၀န်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် အနာဂတ် လယ်ယာ စိုက်ပျိုးရေးခေါင်းဆောင်၊ သမုဒ္ဒရာလမ်းမကြီးများ၊ လူမှုရေးဆိုင်ရာကဏ္ဍတွင် ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ၊ ကမ္ဘာ့အသက်အကြီးဆုံး ယောဂသင်တန်း ဆရာမ၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ် ဆေးဝါးနှင့် သေဒဏ်အပြစ်ဒဏ်၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၁၈၆)၊ ဘာကြောင့် ငိုကြသလဲ၊ ကျန်းမာကြံ့ခိုင်ခြင်းနှင့် အံ့သြဖွယ်ရာ၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် လွမ်းလို့မပြေ သည်တောင်ခြေမှာ၊ တွေ့ဆုံလိုသည် နီပေါမြေက ကုမာရီ၊ ဖေဖေ ဂျပန်စစ်သား၊ အထွေထွေကဏ္ဍတွင် သုတတိုထွာနှင့် ဟာသတို့ ပါ၀င်ပါသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်ဆိုင်၊ အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း-၀၂-၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ၀ယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉/၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ သို့ ဆက်သွယ်မှာယူ နိုင်ပါသည်။