၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၀ ပြည့််နှစ်၊ ဇူလိုင်လ၊အတွဲ( ၄၇)၊ အမှတ်(၇) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''အမုန်းစကားနှင့် သတင်းအမှားများ တားဆီးကာကွယ်ရေး'' ဖြစ်သည်။ မျက်နှာဖုံးဆောင်းပါးကဏ္ဍတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းမှသည် အမုန်းစကား မဖြစ်တည်ဖို့ရာ၊ အမုန်းစကား မပြောကြေး၊ အမုန်းစကားနောက်ကွယ်၊ အမုန်းစကားနှင့် သတင်းအမှားများ တားဆီး ကာကွယ်ရေး၊ အမုန်းစကားနှင့် သတင်းတု သတင်းမှားများ လျော့ပါးရေး၊ ကဗျာကဏ္ဍတွင် ပင်တိုင်စံ မင်းသမီးလေး ရှဲလော့ (၃)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ဘယ်သူမပြု မိမိမှု၊ ပညာ၊ ထင်မြင်ချက် အပေးလွန်ခြင်း၊ စတင်ခြင်းနှင့် စိန်ခေါ်မှု၊ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ စွမ်းဆောင်ရည်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် လန်ချားတော်လှန်ရေး မပြီးသေးသည့် ကိုလ်ကတ္တား၊ ကိုရိုနာဗိုင်းရတ်နှင့် ကမ္ဘာ့နိုင်ငံများ၏ အခြေအနေ၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာကဏ္ဍတွင် ကမ္ဘာကြီးပူနွေးလာမှုရဲ့ အဆုံးစွန်အကျိုးဆက်၊ ပတ်၀န်းကျင်ညစ်ညမ်းမှုနှင့် ကိုရိုနာဗိုင်းရတ် ကူးစက်မှု၊ မြေအောက်ရေနှင့် စိုက်ပျိုးရေး၊ ပါးစပ်မှ ကလေးမွေးတဲ့ ဖား၊ မူးယစ်ဆိုင်ရာကဏ္ဍတွင် မူးယစ်ဆေး၏ ဆိုးကျိုးသံသရာ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် သက်ရှည်ကျန်းမာ Blue Zones များ၊ သောကပြေပျောက်စေမည့် နည်းလမ်းငါးသွယ်၊ ဆန်းသစ်ဖွေရှာ ဆေးပညာ(၂၂၃)၊ လူသားနှင့် ဗိုင်းရတ်၊ အိပ်ရေးမ၀ခြင်းသည် ကျန်းမာရေးကို ထိခိုက်၊ ၀တ္ထုတိုကဏ္ဍတွင် ပေးဆပ်သူရဲ့နှလုံးသား၊ ဖြစ်ရပ်မှန်ကဏ္ဍတွင် သူ မရှိတဲ့ဘ၀၊ စောင့်ကြည့်နေသူ၊ အထွေထွေကဏ္ဍတွင် အမုန်းစကားများ ရပ်ပေးကြပါ၊ Britannica စွယ်စုံကျမ်းအကြောင်း တစေ့တစောင်း၊ ဖတ်သမျှ ဒဿန၊ လောက အမြင်သစ်များ ရွေ့လျားခြင်း စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။