၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄ဝ ကျော် စာချစ်သူများ လက်ခံ အားပေးလာခဲ့သော စာပေဗိမာန်ထုတ် သုတပဒေသာစာစောင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ၊ အတွဲ (၄၈)၊ အမှတ်(၁) ကို ထုတ်ဝေလိုက်ပြီ ဖြစ်ပါသည်။
လူငယ်များအတွက် အဓိကဦးတည်သော သုတပဒေသာစာစောင်၏ မျက်နှာဖုံးဆောင်းပါး ကဏ္ဍမှာ ''ကိုဗစ်ကာလ ပရဟိတ'' ဖြစ်ပါသည်။ မျက်နှာဖုံး ဆောင်းပါးကဏ္ဍတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉နှင့် မြန်မာ့လူမှု အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ကိုဗစ်ကာလနဲ့ ပရဟိတ၊ ကိုဗစ်ဗိုင်းရတ်နှင့် စေတနာ့ဝန်ထမ်း လုပ်အားထု၏ အနာဂတ်၊ ကဗျာကဏ္ဍတွင် ပင်တိုင်စံမင်းသမီးလေး ရှဲလော့ (၉)၊ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာကဏ္ဍတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ၊ အရေးပါတဲ့ဘဝ၊ အောင်နိုင်သူတစ်ဦး ဖြစ်စေရန်၊ နိုင်ငံတကာဆိုင်ရာကဏ္ဍတွင် ကိုဗစ်ဒစ်ပလိုမေစီ၊ သောကကင်းဝေး နေထိုင်ရေး၊ ပါရီမြို့တော် အစိမ်းရောင်စီမံချက်၊ သွေးရည်ကြည်ကုထုံးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ စီးပွားရေးဆိုင်ရာကဏ္ဍတွင် မပြတ်သားသော မက်ဆေ့ချ်များပေးခြင်း၊ အာဘေးအလွန် အာဘေနောမစ်၊ စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရာဝယ်၊ လူကုန်ကူးမှုဆိုင်ရာကဏ္ဍတွင် ခေတ်သစ် ကျွန်ပြုခြင်း၊ မူးယစ်ဆေးဝါးဆိုင်ရာကဏ္ဍတွင် မူးယစ် ဆေးဝါးတိုက်ဖျက်ရေး တိုးတက်မှုအလားအလာ၊ သဘာ၀ပတ်ဝန်းကျင်ရှုထောင့်ဆိုင်ရာ ကဏ္ဍတွင် ဘေးအန္တရာယ်ကျရောက်နေသော ပင်လယ်ကမ်းခြေများ၊ သံလိုက်စက်ကွင်းကို အာရုံခံကာ ခရီးနှင် နိုင်တဲ့ သက်ရှိများ၊ ကျန်းမာရေးဆိုင်ရာကဏ္ဍတွင် ဆန်းသစ်ဖွေရှာ ဆေးပညာ (၂၂၉)၊ အသည်း နှလုံးနှင့် မှတ်ဉာဏ်တို့ကို အကျိုးပြုသော ထောပတ်သီး၊ ကျန်းမာရေးအတွက် ဂီတစွမ်းအား၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအန္တရာယ်၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာကဏ္ဍတွင် နျူကလီးယား စွမ်းအင်ကို အဘယ်ကြောင့် လိုအပ်သလဲ၊ ဝတ္ထုတိုကဏ္ဍတွင် ကညာပျိုလား ကျားလား၊ အထွေထွေ ကဏ္ဍတွင် လူငယ်နှင့် သင်ယူလေ့လာမှု၊ ဂျိုးရဲ့ပေါင်ရိုး ကျွန်တော်၊ ကလေးများ၏ သင်ယူမှုစွမ်းရည် တိုးတက်စေဖို့ အားပေးကူညီကြပါစို့၊ အမုန်းစကား ကင်းစင်ရေးနှင့် ဟာသ စသည်ဖြင့်် ကဏ္ဍမျိုးစုံဆောင်းပါးများ ပါဝင်ပါသည်။
သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ၂၅ဝဝ ကျပ်နှုန်းဖြင့် စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (တ-၅၅)၊ သပြေကုန်းစျေး၊ နေပြည်တော်၊ ဖုန်း ဝ၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန် စာအုပ်ဆိုင်၊ အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈၊ စာပေဗိမာန် စာအုပ်ဆိုင်၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေး၊ ဖုန်း ဝ၂- ၄၀၃ဝ၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်ဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း-ဝ၁-၂၄၉ဝ၃၁၊ ၀၁- ၃၈၁၄၄၈ သို့ ဆက်သွယ် မှာယူနိုင်ပါသည်။